
အမေရိကန်စစ်တပ်ဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာ သံသယရှိ မူးယစ်ဆေးဝါး မှောင်ခို လှေတစင်းကို တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ပြီး လူ ၃ ယောက် သေဆုံးသွားခဲ့တယ်လို့ ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က လူမှုကွန်ရက် X ပေါ်မှာ တင်ခဲ့တဲ့ ရုပ်သံဖိုင်ရဲ့ စာသားမှာ ဖော်ပြထားပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးနေတယ်လို့ သံသယရှိရတဲ့ လှေအမြောက်အမြားကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့ကတော့ အဲဒီတိုက်ခိုက်မှုတွေကို "တရားမဝင် ဥပဒေမဲ့ လူသတ်မှုတွေ" လို့ ဝေဖန်ထားပါတယ်။
Source:Reuters










