DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို DKBA က တပ်ဖွဲ့ဝင်အဖြစ် ပြန်လက်ခံ
DVB
·
July 31, 2026
Photo: ကျားဖြူ
Photo: ကျားဖြူ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေတဲ့ ဗိုလ်ချုပ်စောကျော်သက်နဲ့ တပ်ဖွဲ့ဝင်တွေကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က   တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံတယ်လို့ ဇူလိုင် ၃၁ ရက် ဒီကနေ့ DKBA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်စောကျော်သက်ကို အမှတ် (၃) စစ်ကွပ်ကဲရေးရဲ့ စစ်ကွပ်ကဲမှူး တာဝန်ခံ ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်စောကျော်သက်နဲ့ နောက်လိုက် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်ဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ပြန်လည်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်စောကျော်သက်ဟာ အရင်က DKBA တပ်မှူးဟောင်းဖြစ်ပြီး DKBA ကလိုထူးဝါး စစ်ကွပ်ကဲရေးရဲ့ စစ်ကွပ်ကဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်က အာရှလမ်းမကြီးအနီးမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်က DKBA တပ်ဖွဲ့ကနေ အပြီးအပိုင် ထုတ်ပယ်ခဲ့တာကြောင့် ခွဲထွက် DKBA အနေနဲ့ သီးသန့်ရပ်တည်ခဲ့ပါတယ်။

ဆက်လက်ပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေရာက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းတွေ၊  တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံတာနဲ့ ပတ်သက်ပြီး DKBA တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013