DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဖမ်းဆီးခံရ
DVB
·
October 29, 2015
ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဖမ်းဆီးခံရ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာ မွန်းတည့် ၁၂ နာရီလောက်က ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် လက်ရှိ သူ့ကို ဘယ်မှာထိန်းသိန်းထားလဲ ဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဗကသအဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

“စောစောပိုင်းကတော့ သူက ၀ရမ်းထုတ်ခံထားရတဲ့ အခြေအနေကတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့်လည်း ဘယ်လိုကိစ္စမျိုးနဲ့ ပြန်ဖမ်းတာလဲဆိုတာမျိုး မသိရသေးဘူး။ ရှောင်တိမ်းနေရတဲ့ အခြေအနေတော့ ဟုတ်တယ်။ ကျနော်တို့ဘက်က ကြည့်ရင်ပေါ့ဗျာ။ ဒါပေမယ့် သူ့ကို ဘယ်လိုပုံစံနဲ့ ကိုင်တွယ်တာလဲဆိုတာကို မသိသေးဘူး။ အခု သူ့ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ ကျနော်လည်း မသိသေးဘူး။ ကျနော်တို့လည်း လိုက်နေတယ်။”

ကိုကျော်ကိုကိုဟာ ပညာရေးဥပဒေကို သပိတ်မှောက်တဲ့ တခြားကျောင်းသားတွေနဲ့အတူ ပုဒ်မ ၅ ခု နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင် ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013