
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စိတ်လှည့်စားအာရုံပြောင်းလဲစေတဲ့ဆေးဝါးတွေကို အခြေခံတဲ့ ဆေးဘက်ဆိုင်ရာသုတေသနနဲ့ ကုသမှုကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဧပြီ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်က အစ်ဘိုဂိန်းဆေးဝါးဆိုင်ရာ သုတေသနအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ သုံးမယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
စိတ်ဒဏ်ရာ အလွန်စိတ်ဖိစီးမှုရောဂါကို ကုသရာမှာ အထောက်အကူပြုတယ်လို့ အမေရိကန် စစ်ဘက်ဆိုင်ရာ စစ်မှုထမ်း ဟောင်းအဖွဲ့တွေက ပြောတဲ့ အစ်ဘိုးဂိန်းလို ဆေးတွေကို ပြန်သုံးသပ်ကြဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာန (FDA) ကို ညွှန်ကြားမဲ့ အမိန့်တရပ်ကို ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေက အာရုံချောက်ချားမှုကို ဖြစ်စေနိုင်ပြီး အများအားဖြင့် တရားမဝင်တဲ့ ဆေးဝါးတွေကို လက်တွေ့စမ်းသပ်ချက်တွေ အောင်အောင်မြင်မြင် ပြုလုပ်ပြီးတဲ့နောက် ပြန်ခွဲခြားသတ်မှတ်ဖို့ လမ်းခင်းပေးမယ်လို့ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းမှာ ကျင်းပတဲ့ပွဲတခုမှာ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ်ကနေဒီဂျူနီယာက စိတ်ကျရောဂါလို စိတ်ကျန်းမာရေး အခြေအနေတွေအတွက် တခြားရွေးချယ်စရာ ကုသမှုအဖြစ် အစ်ဘိုဂိန်းလို ဆေးဝါးတွေကို သုံးဖို့အကြံဉာဏ်ကို ထောက်ခံခဲ့ပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေး ကော်မရှင်နာမင်းကြီး မာတီမာကရီက ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အခုနွေရာသီမှာ အမြန်ဆုံး ချမှတ်နိုင်တယ်လို့ ပြောပါတယ်။
Source: Reuters











