
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုက တောင်အာဖရိကကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ တဲ့ပွဲမှာ အနီကတ် ၃ ကတ်အထိ ပြသခဲ့တာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတွေနဲ့ ယှဉ်ရင် ထူးခြားတဲ့ အခြေအနေ ဖြစ်လာပါတယ်။
၂၀၀၆ ခုနှစ်နောက်ပိုင်း ပွဲတပွဲတည်းမှာ အနီကတ် ၃ ကတ်ပြတာ ဒါပထမဆုံးပါပဲ။ ရုရှားနဲ့ ကာတာ ကမ္ဘာ့ဖလားပွဲတွေမှာ ပြိုင်ပွဲတခုလုံးမှ အနီကတ် ၄ ကတ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
တောင်အာဖရိကကစားသမားတွေဖြစ်တဲ့ ယာယာစီသိုလီနဲ့ သီမာ ဇဝါနီတို့ အထုတ်ခံရပြီးနောက် မက္ကဆီကိုက ဆီဇာ မွန်တက်စ်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အနီကတ် ထပ်ရခဲ့ပါတယ်။
ဖီဖာဒိုင်လူကြီးချုပ် ကိုလီနာကတော့ ကစားသမားတွေ တကယ်အနီကတ် ထိုက်တန်မှသာ ပြသဖို့ ပြောထားတာပါ။
ဒါပေမဲ့ ဒီပွဲရဲ့ အနီကတ်တွေဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ ပိုတင်းကျပ်လာတာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Photo:Reuters










