DVB Logo
Home
မြန်မာသတင်း
အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံရောက်ရှိ
DVB
·
September 30, 2015
အီးယူ  ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံရောက်ရှိ
Donate to DVB

၂၀၁၅ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်ဖို့အတွက် အီးယူဥရောပသမဂ္ဂက စေလွှတ်တဲ့ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ မြန်မာနိုင်ငံမှာ စတင်ရောက်ရှိနေပြီလို့ အီးယူရဲ့ မြန်မာရွေးကောက်ပွဲစောင့်ကြည့်မစ်ရှင်အဖွဲ့က ကြေညာပါတယ်။

စက်တင်ဘာ ၂၆ ရက်က အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ အီးယူရဲ့ အဓိက စောင့်ကြည့်အဖွဲ့ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး လာမယ့်အောက်တိုဘာ ၇ ရက်မှာ အဖွဲ့ဝင် ၃၀ ပါ ရေရှည်လေ့လာရေးအဖွဲ့တွေ ရောက်ရှိမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာတော့ အဖွဲ့ဝင် ၆၂ ဦးပါ ကာလတို လေ့လာရေးအဖွဲ့နဲ့ ဥရောပပါလီမန်က ကိုယ်စားလှယ် ၇ ဦးအပြင် အီးယူသံတမန်တွေလည်း ထပ်မံရောက်ရှိဖို့ ရှိနေပါတယ်။

မြန်မာရွေးကောက်ပွဲ လွတ်လပ် ပွင့်လင်းမြင်သာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်စေရေး အတွက် စောင့်ကြည့်ဖို့ စေလွှတ်တာဖြစ်ပြီး  လေ့လာရေးအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ဥပဒေမူဘောင်တွေ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းနဲ့  မဲရေတွက်ခြင်း စတာတွေ အပါအ၀င် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တခုလုံးကို  အသေးစိတ် ဆန်းစစ်လေ့လာသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အီးယူအဖွဲ့အနေနဲ့ မြန်မာရွေးကောက်ပွဲကို ၀က်ရောက်စွက်ဖက်မှာ မဟုတ်သလို ဘက်မလိုက်ဘဲ လေ့လာသွားမယ်လို့ ဆိုပါတယ်။

လက်၇ှိ  မဲဆန္ဒရှင်စာရင်းကိစ္စ အပါအ၀င် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်တွေအပေါ် မှတ်ချက်ပေးပြောဆိုဖို့မရှိဘဲ ကျင့်ဝတ်နဲ့အညီ လေ့လာစောင့်ကြည့်ရုံစောင့်ကြည့်သွားမယ်လို့ အီးယူလေ့လာရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ အီဘာဟတ်ဒ်လျူ က ဒီဗွီဘီကိုပြောပါတယ်။

ရွေးကောက်ပွဲအပြီး ၂ ရက်အကြာမှာ မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကနဦးလေ့လာတွေ့ရှိ သုံးသပ်ချက်တွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး အကြံပြုချက်တွေပါဝင်တဲ့ နောက်ဆုံး အစီရင်ခံစာကိုတော့ ရွေးကောက်ပွဲအပြီး လအနည်းငယ်အကြားမှာ ထုတ်ပြန်သွားမယ်လို့ လည်းပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013