DVB Logo
Home
မြန်မာသတင်း
မိုးကြိုးအန္တရာယ် မိုးလေ၀သပညာရှင် သတိပေး
DVB
·
September 18, 2015
မိုးကြိုးအန္တရာယ် မိုးလေ၀သပညာရှင် သတိပေး
Donate to DVB

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ အခုရက်ပိုင်းအတွင်း မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်ချမယ့်အန္တရာယ် ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

အခုလို မုတ်သုံဆုတ်ခွာချိန် ဖြစ်ပွားလေ့ရှိတဲ့ လေပြင်းတွေတိုက်ပြီး မိုးသည်းသည်းရွာခြင်းနဲ့ အတူ မိုးကြိုးပစ်တာကို သတိထားနေထိုင်ကြဖို့ အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်ဝင်နေတဲ့ တောင်သူလယ်သမားများ အထူးသတိထားကြဖို့ သူက သူ့အင်တာနက်စာမျက်နှာမှာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်၊

ဦးထွန်းလွင်က အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်ဝင်နေကြတဲ့ တောင်သူဦးကြီးများ လျပ်စီးလက်ပြီး မိုးခြိမ်းသံကြားရရင် မိုးတိမ်တောင်ဟာ မိမိနဲ့က ၄ မိုင်အတွင်းမှာရှိနေလို့ အန္တရာယ်အလွန်ကြီးပါတယ်။ ကွင်းပြင်မှာ တစ်ဦးတည်း ထီးထီးကြီးနေတာကိုရှောင်ရှားပြီး အမိုးအကာအောက်(လယ်ကွင်းထဲက သစ်ပင်မဟုတ်ပါ)မှာ ခိုလှုံ နေထိုင်ကြဖို့ လိုအပ်ပါတယ်လို့ သတိပေးရေးသားထားတာပါ။

အလွန်အန္တရာယ်ကြီးလို့ လောလောဆယ်မှာပဲ လူ ၄ ဦးထက်မနည်း အသက်သေဆုံး ရှုံးခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အထူးသဖြင့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတို့မှာ မိုးကြိုးပစ်ချတဲ့အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013