DVB Logo
Home
မြန်မာသတင်း
တဆင့်တည်းဖြင့် ကမ္ဘာပတ်လမ်းထဲရောက်နိုင်မည့် ဓာတ်လှေကားမျှော်စင် (ရုပ်သံ)
DVB
·
September 12, 2015
တဆင့်တည်းဖြင့် ကမ္ဘာပတ်လမ်းထဲရောက်နိုင်မည့် ဓာတ်လှေကားမျှော်စင် (ရုပ်သံ)
Donate to DVB

အာကာသခရီးစဉ်တွေကို စတင်နိုင်မယ့်နည်းတွေ ရှိထားပေမယ့် ဒုံးပျံကို လွှတ်တင်ဖို့အတွက် ဆီမလုံလောက်ပါဘူး။ ကနေဒါနိုင်ငံမှ Thoth Technology ကုမ္ပဏီကတော့ ဒီအခက်အခဲကို ဖြေရှင်းဖို့ ၂၀ ကီလိုမီတာ အမြင့်ရှိတဲ့ ဓာတ်လှေကားတခု စီစဉ်ထားတယ်လို့ ဆိုပါတယ်။

"၂၀ ကီလိုမီတာ မြင့်တဲ့ ဒီမျှော်စင်သာရှိထားရင် တဆင့်တည်းနဲ့ ကမ္ဘာပတ်လမ်းထဲကို ရောက်နိုင်တာပေါ့။ ပုံမှန်ဆိုရင် ဒုံးပစ်စင်ကနေ ဒေါင်လိုက်ပစ်တင်ရမယ်။ အဲဒီအခါ တွန်းကန်လောင်စာရည်နဲ့ လောင်ကျွမ်းပင့်တင်တဲ့ အဆင့်တွေသာ ဖယ်လိုက်ရင် ဒုံးပျံက သမုဒ္ဒရာထဲ ပြန်ပြုတ်ကျမှာပဲ။ ဒီမျှော်စင်နဲ့ဆိုရင် ဒီအပိုင်းကို ဖယ်ထုတ်လိုက်လို့ ရပြီ။"

ဒီ ThothX မျှော်စင်ဟာ လောင်စာရည်သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ မျှော်စင်ကို လေထိုးသွင်းနိုင်တဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်မှာဖြစ်ပြီး အလယ်လိုဏ်ခေါင်းမှာ ဒုံးပျံကို ဆွဲတင်မယ့် ဓာတ်လှေကား ထည့်သွင်းထားမှာပါ။ Thoth ကုမ္ပဏီကတော့ ဒီမျှော်စင်ကို ဆက်သွယ်ရေးလုပ်ငန်းတွေ၊ လေအားလျှပ်စစ်လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေအတွက်ပါ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

"ဒီမျှော်စင်အတွက် အခွင့်အလမ်းတွေကတော့ အများကြီးပဲ။ ခရီးသွားလုပ်ငန်းလည်း တခုအပါအ၀င်ပေါ့။ ကမ္ဘာကြီးကို ကီလို ၂၀ အမြင့်ကနေ ကြည့်ရမှာလေ။ ဘယ်ဦးတည်ရာဘက်ကိုပဲ ကြည့်ကြည့် ကီလိုမီတာ ၁၀၀၀ အကွာထိ မြင်ရမယ်။"

Thoth ကုမ္ပဏီက ဒီမျှော်စင်အတွက် အမေရိကန်မှာ ဆောက်လုပ်ခွင့်ကျထားပြီ ဖြစ်ပြီး လူဖန်တီးထားသမျှ ဘယ်မျှော်စင်ထက်မဆို အဆ ၂၀ ပိုမြင့်မှာဖြစ်ပြီး လုပ်ငန်းဝင် ရှေ့ပြေးပုံစံကို ၅ နှစ်အတွင်း အပြီးတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒီကုမ္ပဏီက ဘင်နုဂြိုဟ်သိမ်ပေါ် ဆင်းသက်မယ့် နာဆာ အာကာသ ခရီးစဉ်အတွက်လည်း တွဲဖက်ဆောင်ရွက်သွားမှာပါ။ သူတို့က ကနေဒါနိုင်ငံမှာ တီထွင်ခဲ့တဲ့ အဝေးထိန်း အာရုံခံကိရိယာ Lidar ကို ဒီတာဝါမှာ တပ်ဆင်ပြီး အပူလေဟာနယ် အခန်းထဲက အာကာသတွင်းကလို အခြေအနေတွေနဲ့ ထိတွေ့ အာရုံခံစေမှာ ဖြစ်ပါတယ်။

"အချိန်ရယ်လို့ စဖြစ်တုန်းက သက်ရှိတွေဟာ ဘယ်လိုရှိမလဲဆိုတာကို စူးစမ်းဖို့ ကျနော်တို့ အလွန်စိတ်ဝင်စားပါတယ်။ ကမ္ဘာလှည့်ပတ်တဲ့ လမ်းကြောင်းအတိုင်း မနီးယိုးစွဲ လိုက်ပတ်နေတဲ့ ဂြိုဟ်သိမ်တွေကို စူးစမ်းဖို့လည်း စိတ်ဝင်စားပါတယ်။ သူတို့က နေကို ကျနော်တို့ကမ္ဘာက ပတ်နေတဲ့ ပုံစံအတိုင်း လိုက်ပတ်တယ်။ ဒါပေမယ့် ကမ္ဘာနဲ့ သိပ်နီးကပ်တယ်။ ဘင်နုဂြိုဟ်သိမ်ဆိုရင် ၆ နှစ် ၁ ခါဆိုသလို ကျနော်တို့ကမ္ဘာနဲ့ အရမ်းနီးကပ်လာတတ်တယ်။ ဒီတော့ သူ့ဖွဲ့စည်းပုံ၊ အရွယ်အစား အပါအ၀င် သိထိုက်တာမှန်သမျှ စူးစမ်း အဖြေထုတ်ချင်ပါတယ်။ သူက ကျနော်တို့ လူသားဖြစ်တည်မှုနဲ့ တိုက်ရိုက်ပတ်သက်နေလို့ပါ။"

ဘင်နုဂြိုဟ်သိမ်သွား ခရီးစဉ်ကို ၂၀၁၆ စက်တင်ဘာလမှာ စတင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013