
ဆဲလ်တစ်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆယ်လ်တာဗီဂိုကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရလဒ် ကြောင့် ဆဲလ်တစ်ဟာ ယူရိုပါလိဂ်မှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အသင်း ၃၆ သင်း ပါဝင်တဲ့ ဇယားရဲ့ အောက်ဆုံးနားမှာ ရပ်တည်နေတာပါ။
ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြနေပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာတော့ ဆဲလ်တစ်တို ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပွဲမှာ မီကာဘောရဲ့ ဂိုးနဲ့ ဆဲလ်တစ်တို ဦးဆောင်ခဲ့ပေမဲ့ ဂျာဗီရိုဒရီဂွက်ဇ်ရဲ့ သွင်းဂိုးတွေကြောင့် အရေးနိမ့်ခဲ့တာပါ။
နည်းပြ အိုနီးလ်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကံမကောင်းမှုတွေအပေါ် အပြစ်တင်ခဲ့ ပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဆဲလ်တစ်ဟာ ယူရိုပါလိဂ်အဆင့်မှာ ယှဉ်ပြိုင်ဖို အရည်အချင်း မမီသေးကြောင်း ဝေဖန်ပြောဆိုနေပါတယ်။
Photo:Reuters











