စကော့တလန် ပရီးမီးယားရှစ်ဖလားကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ဆဲလ်တစ်အသင်းဟာ မာသာဝဲလ်အသင်းကို နာကျင်အချိန်ပို ၉၉ မိနစ်မှာ ရတဲ့ ပင်နယ်တီနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲစဉ်အတွင်း မာသာဝဲလ်က ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမဲ့ ဆဲလ်တစ်က ချေပဂိုးနဲ့ ဒုတိယဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၅ မိနစ်မှာ မာသာဝဲလ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ သရေကျမဲ့ အခြေအနေဖြစ်နေချိန် နာကျင်အချိန်ပို ၉၉ မိနစ်မှာ ဆဲလ်တစ်နောက်ခံလူ တံတောင်နဲ့ အတိုက်ခံရတယ်ဆိုပြီး VAR နဲ့ စစ်ဆေးကာ ပင်နယ်တီ သတ်မှတ်ပေးခဲ့တာပါ။ ဒီပင်နယ်တီကို အီဟီယန်နာချိုက အမှားအယွင်းမရှိ သွင်းယူပေးခဲ့ပါတယ်။
ဒီအနိုင်ရလဒ်ကြောင့် ဆဲလ်တစ်ဟာ ဇယားထိပ်က ဟတ်စ်အသင်းနဲ့ တမှတ်ပဲ ကွာဟတော့ပြီး စနေနေ့မှာ ယှဉ်ပြိုင်ကစားမဲ့ အဲဒီနှစ်သင်းရဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။










