ဥရောပချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့အဖြစ် စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ ဩစတြီးယားကလပ် LASK အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဆဲလ်တစ်အသင်းက ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရသွားတယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
ပွဲအစမှာတင် ဘင်ဂျမင်နီဂရန်က ဆဲလ်တစ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။
အဲဒီနောက် တိုက်စစ်မှူး ကာမီလိုဒူရန်က ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သွင်းဂိုး တဂိုးစီ ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ပြိုင်ဘက် LASK အသင်းဘက်က ၂ ကြိမ်တိုင်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လူကျွံနေတဲ့အတွက် ခွင့်ပြုမခံခဲ့ရပါဘူး။
ဒီအသင်း ၂ သင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမဲ့ အင်္ဂါနေ့၊ လင့်ဇ်မြို့မှာ ဆက်လက်ကစားသွားကြမှာ ဖြစ်ပါတယ်။











