အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားအတွက် ကစားသမားတွေကို အကဲခတ်ဖို့ ရီးရဲလ်နဲ့ ဘိုင်ယန်ပွဲကို လာကြည့်ခဲ့ပါတယ်။
ရီးရဲလ်နောက်ခံလူ ထရန့်အလက်ဇန္ဒားအာနိုးကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အမှားအယွင်းတချို့ ရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားအတွက် လာရောက်အကဲခတ်နေတဲ့ အင်္ဂလန်နည်းပြ တူချယ်ကို စိတ်ပျက်စေခဲ့ပါတယ်။
ဘိုင်ယန်ရဲ့ ဦးဆောင်ဂိုးမှာ အာနိုးရဲ့အမှား ပါဝင်ခဲ့သလို ဘောလုံးပေးပို့မှု တိကျချက်မှာလည်း ပွဲတွင်း အနည်းဆုံး ဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့ ရုန်းကန်ရဦးမှာပါ။
တူချယ်ဟာ ဒီပွဲမှာ ဟာရီကိန်း ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တာနဲ့ ဒဏ်ရာကပြန်လာတဲ့ ဘယ်လင်ဂမ် ပွဲအရှိန် ပြောင်းလဲနိုင်ခဲ့တာကိုတော့ စိတ်ကျေနပ်မှု ရှိခဲ့ပါတယ်။
ဘိုင်ယန်က ဟာရီကိန်းနဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ ဂိုးတွေနဲ့အတူ ရီးရဲလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။










