ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ရူဒီဂါ လေ့ကျင့်ရေးကွင်းမှာ ပါးရိုက်ခဲ့တဲ့ အသင်းဖော်ဟာ အယ်လ်ဗာရို ကာရားရပ်စ်လို့ သိရပါတယ်။
ရူဒီဂါက အဆိုပါကိစ္စအတွက် ပြန်လည်တောင်းပန်ထားပါတယ်။ ရီးရဲလ်အသင်းတွင်းမှာတော့ အမ်ဘာပေရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း အခြေအနေတွေ ပိုပြီးတင်းမာနေပါတယ်။
အမ်ဘာပေဟာ နည်းပြအဖွဲ့ဝင်တယောက်နဲ့ စကားများခဲ့သလို၊ အသင်းက ဘာစီလိုနာနဲ့ပွဲအတွက် ပြင်ဆင်နေချိန်မှာ အပျော်ခရီးထွက်ခဲ့တာကြောင့် ပရိသတ်ပေါင်း ၂ သိန်းခွဲကျော်က သူ အသင်းက ထွက်ဖို့ လက်မှတ်ထိုး တောင်းဆိုနေကြပါတယ်။
လက်ရှိမှာ ရီးရဲလ်အသင်းဟာ ဆုဖလားလက်မဲ့ဖြစ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နည်းပြသစ် အဖြစ် မော်ရင်ဟို ပြန်လည်ရောက်ရှိလာနိုင်တယ်လိုလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။










