အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီးအာအယ်လ်ဆူဒါနီဟာ ဘဂ္ဂဒက်မြို့က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အီရတ်ထောက်လှမ်းရေးဌာနချုပ်ဆီ မတ် ၂၂ ရက်မှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
မတ် ၂၁ ရက်မှာ ဘဂ္ဂဒက်မြို့က အီရတ်ထောက်လှမ်းရေးဌာနချုပ်ကို ရာဇဝတ်ဂိုဏ်းတွေက လွှတ်တင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတခုကြောင့် အဆောက်အအုံနားမှာ ကျရောက်ပေါက်ကွဲပြီး အရာရှိတယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားထောက်လှမ်းရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး အီရန်က အစ္စရေး၊ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အီရတ်မှာ လူ ၆၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။ သူတို့အများစုက ရှီးအိုက်လူထုလှုပ်ရှားမှုတပ်ဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
Source: Reuters










