DVB Logo
Home
မြန်မာသတင်း
ပဲခူးအနောက်ပိုင်း မိုးညိုမြို့နယ်ရှိ ကျေးရွာအချို့ ရေနစ်မြုပ် (ဓာတ်ပုံ)
DVB
·
August 6, 2015
ပဲခူးအနောက်ပိုင်း မိုးညိုမြို့နယ်ရှိ ကျေးရွာအချို့ ရေနစ်မြုပ် (ဓာတ်ပုံ)
1 / 6
Donate to DVB

ပဲခူးတိုင်းအနောက်ပိုင်း၊ မိုးညိုမြို့နယ်ထဲက ကျေးရွာအချို့မှာ အိမ်တွေ ရေထဲကိုမျောပါသွားပြီး သက်ဆိုင်ရာက ဒီနေ့အထိ ဘာအကူအညီမှ မပေးတာကြောင့် ဒုက္ခရောက်နေကြပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ မိုးညိုမြို့နယ်ထဲက အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ငကြီးဆိုတဲ့ ရွာကလေးဟာ သွားလာရေး ခက်ခဲတဲ့အတွက် ကူညီမှုတွေ ကင်းဝေးနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ရေတက်လာခဲ့ပြီး ၂၃ ရက်နေ့မှာ ရေအတက်ကြမ်းလာကာ အိမ် ၃၇ လုံး ရေထဲကို ပါသွားခဲ့ပါတယ်။

ရေကြီးမှုကြောင့် မိုးညို၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်း မြို့နယ် ၄ ခုအတွင်းက ကျေးရွာ ၈၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ လယ်ဧကပေါင်း ၆ သောင်းကျော်လောက် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။

အခုလို သွားလာရေးခက်ခဲတဲ့ ကျေးရွာတွေမှာ ဒီနေ့အထိ ကူညီရေးအဖွဲ့တွေ မရောက်နိုင်တာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စတွေ ခက်ခဲနေကြပြီး အလှူရှင်တွေကို မျှော်လင့်နေကြလို့ ဒေသခံတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013