DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းနှင့် သာယာဝတီခရိုင်ရှိ ကျေးရွာအချို့ ရေနစ်မြုပ် (သတင်းဓာတ်ပုံ)
DVB
·
August 4, 2015
လက်ပံတန်းနှင့် သာယာဝတီခရိုင်ရှိ ကျေးရွာအချို့ ရေနစ်မြုပ် (သတင်းဓာတ်ပုံ)
1 / 15
Donate to DVB

ရေကြီး ရေလျှံမှုကြောင့် ပဲခူးတိုင်းအနောက်ဘက်ခြမ်း လက်ပံတန်းနဲ့ သာယာဝတီခရိုင်က ကျေးရွာတချို့ ရေနစ်မြုပ်နေပါတယ်။

လက်ပံတန်းမြို့နယ်ထဲက ဖိုးကတိုးရွာ၊ သာယာဝတီခရိုင်ထဲက သူဌေးကုန်း၊ ဇီးပင်ကုန်း၊ ဇိုင်းသွယ်နဲ့ သပြေကုန်းကျေးရွာတွေမှာ ရေကြီးရေလျှံပြီး ဒေသခံတွေ ဒုက္ခရောက်နေကြတာပါ။

ဇိုင်းသွယ်ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး တခြားရွာတွေမှာတော့ ၂၀၀ ဝန်းကျင်ရှိပါတယ်။

ရွာသားတွေဟာ ရေလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြပြီး တချို့ကတော့ အိမ်ထဲမှာပဲ ဆင့်ထိုးပြီး နေနေကြပါတယ်။

မီးမရတဲ့ ရွာတွေဖြစ်လို့ ညဘက်မှာ မြွေတွေ တက်လာတတ်တာကြောင့် ညမအိပ်ရဘဲ မြွေအန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။

ဒါ့အပြင် အဲ့ဒီ နေရာတွေမှာပဲ နောက်ဖေးစွန့်နေရပြီး အဲဒီရေတွေကိုပဲ ပြန်သုံးနေရတာကြောင့် ဝမ်းရောဂါ အပါအဝင် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

လောလောဆယ် ဒေသခံတွေရဲ့ ကူညီမှုကိုပဲ ရရှိကြပြီး လူဦးရေများလို့ လုံလောက်မှုမရှိဘဲ ဒုက္ခရောက်နေကြလို့ ရေဘေးကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ကူညီမှုတွေကို လိုအပ်နေပါတယ်။

ဒေသခံတဦးက အဝတ်အစား မလိုအပ်ဘဲ အစားအစာနဲ့ ရေသန့်တွေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - ကြည်ကြည် (လက်ပံတန်း)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013