DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်မှု ဖွံ့ဖြိုးရေး ယူရိုငွေ ၁၀ သန်း အီးယူ ကူညီမည်
DVB
·
July 29, 2015
မြန်မာ့ကုန်သွယ်မှု ဖွံ့ဖြိုးရေး ယူရိုငွေ ၁၀ သန်း အီးယူ ကူညီမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် အီးယူ ဥရောပသမဂ္ဂက ယူရိုငွေ ၁၀ သန်း ကူညီသွားမယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

၂ဝ၁၅ မှ ၂ဝ၁၇ ခုအထိ ၃ နှစ်ကြာ စီမံကိန်းအတွက် အီးယူက ယူရို ၁၀ သန်းအပြင် ဂျာမနီိနိုင်ငံက  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဂျာမန်လူမှုအဖွဲ့အစည်း (ဂျီအိုင်ဇက်) ကလည်း  ယူရိုငွေ ၅ သိန်းပေးဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ကုန်သွယ်မှု မူဝါဒနဲ့ ပုဂ္ဂလိက ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနဲ့ အကောက်ခွန်ကဏ္ဍ၊ အစားအသောက် ဘေးကင်းလုံခြုံမှုနဲ့ အပင်၊ လူ၊ တိရစ္ဆာန်တို့ ပိုးမွှားကင်းစင် ကျန်းမာသန့်ရှင်းမှုကဏ္ဍ၊  အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးကဏ္ဍ ၄ ခု ပါဝင်ပါတယ်။

အစီအစဉ် ပထမအဆင့်အနေနဲ့ အစိုးရဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်မှုသင်တန်းတွေ ပို့ချမှာဖြစ်ပြီး နောက်မှာ တောင်သူလယ်သမားတွေ၊ ကုန်စည်အဝယ်ဒိုင်တွေ၊ ကုန်စည် တင်ပို့သူတွေပါ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ပို့ချပေးဖို့ရှိပါတယ်။

စီမံကိန်းကို မတ်လပိုင်းကတည်းက အစပျိုး စတင်လုပ်ဆောင်နေပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013