DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးရေကြီး (ဓာတ်ပုံ)
DVB
·
July 29, 2015
ကလေးမြို့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးရေကြီး (ဓာတ်ပုံ)
1 / 14
Donate to DVB

ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့ ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာရှိနေတာကြောင့် စိုးရိမ်ရတဲ့ အနေအထားပါ။

အခု လောလောဆယ်ဆယ် ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ကလေးဝဘက်ကိုအထွက် ကားလမ်းဘေးက ရွာတွေဖြစ်တဲ့ ဂျီကုန်း၊ ပြင်သာနဲ့ ဖောင်ကူးရွာတွေတွေ ဒေသခံတွေလည်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါပြီ။

ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်ရဲ့ ရေမှတ်က မနေ့က ည ၇ နာရီတိုင်းတာချက်အရ ၆၄၇ ပေအထိ ရှိနေပြီး ဇူလိုင် ၂၉ ရက်နေ့မှာ တနေကုန်နီးပါး မိုးရွာသွန်းနေတာမို့ ဆည်အခြေအနေကလည်း စိုးရိမ်နေရပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်နေတာမို့ ကလေးလွင်ပြင်မှာ ရေကအယ်နေပြီး မိုးရွာလို့ အထက်က ထပ်ကျလာတဲ့ တောင်ကျရေတွေ ကြောင့် လက်ရှိရေအနေအထားက ထပ်ပြီး မြင့်တက်လာဖို့ ရှိနေလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ- ကျော်သူစိုး (ကလေးမြို့)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013