DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေ နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ် (ရုပ်သံ)
DVB
·
July 26, 2015
ဒီကေဘီအေ နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ် (ရုပ်သံ)
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဆင်ကုန်းကျေးရွာနားမှာ အစိုးရတပ်၊ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီတို့ တိုက်ပွဲဖြစ်ပွားပြီး ဒီကေဘီအေတပ်သား ၁ ဦး သေ ဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ဘားအံမြို့ကို ပြန်မယ့် ဒီကေဘီအေတပ်သား ၃ ဦးကို နယ်ခြားစောင့်နဲ့ အစိုးရတပ်ဖွဲတို့ ပူးပေါင်းပြီး ကော့ကရိတ်မြို့နယ် ဆင်ကုန်းကျေးရွာထဲမှာ ပစ်ခတ်ခဲ့တာပါ။

ဒီကေဘီအေ တပ်သား ၃ ဦး ရွာထဲဝင်လာတယ်ဆိုတဲ့ ကြိုတင် သတင်းရထားတာကြောင့် ပြားပင်ရွာ နယ်ခြားစောင့်တပ်က ဦးစီးပြီး ဆင်ကုန်းရွာထဲကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။

ဒီကေဘီအေတပ်သားတွေ ရှိနေတဲ့အိမ်ကို သွားရောက် ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ နှစ်ဘက်ပစ်ခတ်ခဲ့တာပါလို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့၊ တပ်ရင်း ၁၀၁၅ ဗိုလ်ကြီးဖော့ပယ်က “ကျနော်တို့ ပြားပင်ရွာထဲမှာနေတာ၊ သူတို့ဒီကိုရောက်နေတဲ့ သတင်းကြားတော့ လာခဲ့တာပါ။ ရောက်လာတော့ ပစ်ခတ်မှုစတင်ဖြစ်တာပဲ။ ပစ်ကြတော့ သေနတ် ၃ လက် သိမ်းဆည်းရမိပါတယ်။ ကျန်တာ ဘာမှမရှိဘူး၊ အမှန်ဆိုရင် ကျနော်တို့ လာရောက်ပြီး ဆွေးနွေးဖို့ ကြိုတွေးထားပါတယ်။ လာရောက်တော့ ပစ်ကြပြီး ထွက်ပြေးတယ်ဆိုတော့ ဒါကတော့ ရန်သူလို့ပဲ ဆိုရမှာပါ” လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ၃ ဦးက တကွဲတပြားစီထွက်ပြေးကြပြီး ၂ ဦး လွတ်မြောက်ခဲ့ပါတယ်။ ကျန်တဦးကတော့ ရေထဲမှာ ပုံးရှောင်နေရင်း အသေဖမ်းမိခဲ့ပါတယ်။

ပစ်ခတ်မှုကြာင့် ရွာသားတွေ ထိခိုက်တာ မရှိပေမယ့် အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ ဆင်ကုန်းကျေးရွာနေ ဦးအောင်တင်က ပြောပါတယ်။

“လိုက်-လိုက် ဒီမှာပဲ ဒီမှာပဲဆိုပြီး ပစ်တာပဲ။ ပစ်တော့ ကျနော်က ထမင်းပန်းကန်နဲ့ ပြေးဆင်းပြီးတော့ အိမ်အောက်မှာ ထိုင်နေတာ။ ပစ်နေပြီး ခဏငြိမ်သွားတော့ တို့လူတွေ ထိကြမယ်နော် ထိကြမယ်ပြောပြီး သိပ်မကြာဘူး တခါပြန်ဝင်လာပြီး ထပ်ပစ်တယ်။ ရွာသားတွေက ဟိုပြေးပုန်း၊ ဒီပြေးပုန်းနဲ့။ ရွာသားတွေ ထိခိုက်မှုတော့ မရှိဘူး။”

သေနတ် ၃ လက် သိမ်းဆည်းရမိပြီး နယ်ခြားစောင့်တပ် တပ်နယ် ၃ တာဝန်ခံဗိုလ်မှူးကြီး ကတုံးစီကို ပြန်လည်အပ်နံလိုက်ပါတယ်။

သေဆုံးသွားတဲ့ ဒီကေဘီအေ တပ်သားအလောင်းကိုတော့ ဆင်ကုန်းကျေးရွာနားမှာပဲ မြှုပ်နံခဲ့ပါတယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တပ်စွဲထားတဲ့ ဒီကေဘီအေ တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင် ၂  ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေက လုံခြုံရေး တိုးမြှင့်ချထားလာတာကြောင့် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013