DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ငလျင် လှုပ်ခတ်
DVB
·
July 21, 2015
ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ငလျင် လှုပ်ခတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ထဲမှာ ဒီကနေ့ မနက် ၈ နာရီလောက်က  ပြင်းအား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ အင်အားအသင့်အတင့် မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ကမ္ဘာအေး မြေငလျင်စခန်းက တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဇူလိုင်လ ၂၁ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၅၈ မိနစ် ၃၀ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၁၆၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ရေတာရှည်မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါတယ်။”

ငလျင်ကြောင့် အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုနဲ့ လူတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013