DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ခုနှစ်အတွင်း မိုးများမည်ဟု ဦးထွန်းလွင် ခန့်မှန်း
DVB
·
July 2, 2015
၂၀၁၅ ခုနှစ်အတွင်း မိုးများမည်ဟု ဦးထွန်းလွင် ခန့်မှန်း
1 / 3
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းရှိနေတာကြောင့် အယ်လ်နီညိုနှစ်တွေထဲက ဒီနှစ်ဟာ မိုးရွာသွန်းမှု ပိုများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

UTunLwin“၂၀၁၅ နွေရာသီ၊ နွေရာသီဆိုတာက ဆောင်းမရောက်ခင်အထိ၊ အဲဒီကာလအတွင်းမှာ အယ်လ်နီညိုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်။ ၂၀၁၅ ခုနှစ်ရဲ့ နွေရာသီ စပ်ကူးမတ်ကူး ကာလဖြစ်တဲ့အတွက် ရာသီက အထိုင်မကျဘူး။ သူက နွေလည်း အစစ်မဟုတ်ဘူး၊ မိုးလည်း အစစ်မဟုတ်ဘူး၊ နှစ်ခု ရောနေပြီ။ သာဓကပြရရင် ဒီလိုကာလမျိုးတွေကြည့်ရင် မြေပြင်ကလည်း ပူတယ်။ အပေါ်က လေမှာလည်း ရေငွေ့က ရှိနေတယ်။ အဲတော့ သူက နွေနဲ့မတူဘူး။”

၂၀၁၅ မိုးကုန်ကာလ စက်တင်ဘာလထိ မိုးရွာသွန်းမှုအခြေအနေမှာ တောင်အာရှ အတွင်း မြန်မာနိုင်ငံက ရွာနှုန်းထက်ပိုနိုင်တယ်လို့ နိုင်ငံတကာ ရာသီဥတုနှင့် လူ့အဖွဲ့အစည်း သုတေသနအဖွဲ့က ခန့်မှန်းထားပါတယ်။

ဒီနှစ်မှာ ရွာသွန်းနှုန်း ပုံမှန် ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းထိ ပိုမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မိုးများနေတဲ့ ရာသီဥတုကာလ ဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိထားဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်တွေက ၂ နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်တွေ တွေ့ကြုံခဲ့ရပြီး စံချိန်တင် ပူပြင်းမှုတွေ၊ မြစ်တွေမှာ ရေနည်းပါးလို့ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းတွေနဲ့ ကျန်းမာရေးချို့တဲ့တာတွေ လူသေဆုံးတာတွေ ကြုံတွေ့ခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့ ပထမနိုင်ငံဟာ ဟွန်ဒူးရပ်စ်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယဟေတီနိုင်ငံ၊ စတုတ္ထ နီကာရာဂွါနိုင်ငံနဲ့ ပဉ္စမ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြောင်း Global Climate Risk Index မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013