DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး အတည်ပြုပြော
DVB
·
July 12, 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး အတည်ပြုပြော
Donate to DVB

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တဲ့အကြောင်း ဇူလိုင် ၁၁ ရက် အင်္ဂါနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့တယ်လို့ အာဆီယံသံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတခုဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ အဆုံးသတ်ဖို့ အသစ်ပြန်လည်ဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးတယ်လို့ ပြောခဲ့ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မနေ့ကစတင်ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ထံကပါးလိုက်တဲ့ သတင်းစကားကို ဖတ်ကြားဖို့ရှိနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီတွေ့ဆုံမှုဟာ ဒီမိုကရေစီနည်းကျ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ အစိုးရထံကနေ  စစ်တပ်အာဏာသိမ်းပြီး ကတည်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ နိုင်ငံခြားအစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးတို့ အကြားပထမဆုံး အတည်ပြုနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့  မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်ကရော ထိုင်းနိုင်ငံဘက်ကပါ တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကနေ ၁၄  ရက်အထိ ဂျာကာတာမှာ ကျင်းပနေတာဖြစ်ပြီး မြန်မာကလွဲလို့ တခြားအားဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်နေကြတာဖြစ်ပါတယ်။

အာဆီယံဒေသတွင်းဖိုရမ်နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတို့ကို အခုသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်ဂန်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရို့ဗ်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ် ဝိနိုင်းကတော့ ဒီအစည်းအဝေးမတိုင်ခင် အချိန်ကိုက်ပြီး မြန်မာနိုင်ငံကို တိုးတိုးတိတ်တိတ် သွားရောက်ခဲ့တာဖြစ်ပါတယ်။

 Ref: KYODO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013