DVB Logo
Home
မြန်မာသတင်း
ထားဝယ်အရှေ့တော PDF ယာယီစခန်း တိုက်ခံရပြီး ရဲဘော် ၁ ဦးကျဆုံး၊ နေအိမ် ၅ လုံး မီးရှို့ခံရ
DVB
·
July 7, 2023
ထားဝယ်အရှေ့တော PDF ယာယီစခန်း တိုက်ခံရပြီး ရဲဘော် ၁ ဦးကျဆုံး၊ နေအိမ် ၅ လုံး မီးရှို့ခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာမှာ ဇူလိုင် ၆ ရက်နေ့က စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦးရဲ့ အလောင်းကို ပြန်တွေ့ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

သေဆုံးတဲ့ ရဲဘော်ဟာ ထားဝယ်နဂါးတပ်ခွဲ ၂ က ရဲဘော်ဖြစ်ကြောင်း ထားဝယ် ပကဖ ရဲဘော်တဦးက အတည်ပြုပါတယ်။

အဲဒီရဲဘော်ရဲ့ဈာပနကိုတော့ ထားဝယ်အရှေ့တောဒေသက ကျေးရွာတခုရဲ့ သုသာန်မှာပဲ ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၂ ရက်က သင်္ကန်းတုံးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် ယာယီစခန်းတခု အလစ်အငိုက်ဝင်တိုက်ခိုက်ခံရပြီး အဆိုပါရဲဘော်ဟာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာ လေးရက်အကြာမှာ အလောင်းပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အလစ်အငိုက်ဝင်တိုက်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က စခန်းစွန့်ခွာခဲ့ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ M4 သေနတ်| 12 bore shot gun သေနတ်၊ ရိုင်ဖယ်သေနတ်နဲ့ လက်လုပ်သေနတ် ၁၂ လက်| လက်လုပ်ဗုံးသီး နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

"ဖြစ်စဉ်က မှန်ပါတယ်။ သာလွန်အင်အား ၁၀၀ လောက်နဲ့ ဇူလိုင် ၂ရက် မနက် ၉ နာရီလောက် ထမင်းဟင်းချက်နေစဉ် စခန်းအဝိုင်းခံရတာပါ။ ရဲဘော်တွေကတော့ အသက်လုပြီး စခန်းစွန့်ထွက်ပြေးခဲ့ရတယ်။ ရဲဘော်တယောက်က အဆက်သွယ်ပြတ်ပြီး ၄ ယောက်က မစိုးရိမ်ရ ဒဏ်ရာရတယ်၊ အခုတော့ သက်သာနေပါပြီ။ အဆက်သွယ်ပြတ်တဲ့ ရဲဘော်ကတော့ မနေ့က (ဇူလိုင် ၆ ) နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် အလောင်းပြန်တွေ့ပြီး သင်္ဂြိုဟ်ပေးခဲ့ပြီးပါပြီ။ စစ်တပ်စစ်ကြောင်းအနေနဲ့က တောင်ဖီလာဘက်မှာ ရှိနေပြီး ထားဝယ်အရှေ့တောဒေသကို ဖိတိုက်နေတဲ့ သဘောရှိတယ်" လို့ ထားဝယ် ပကဖ အဖွဲ့တခုဖြစ်တဲ့ Fighting for freedom force (FFFF) ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ရဲဘော်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၂ ရက် စစ်ကောင်စီစစ်ကြောင်းရောက်လာပြီးနောက် သင်္ကန်းတုံးရွာက နေအိမ် ၅ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဟာမြင်းကြီးရွာသား ၅ ဦးကိုလည်း စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းထားတယ်လို့ သိရပါတယ်။

ဝကုန်း၊ သင်္ကန်းတုံး၊ ဟာမြင်းကြီး၊ ကုလားချောင်း၊ မြေးခန္တီ စတဲ့ ကျေးရွာတွေက ရွာသားတွေလည်း စစ်ရှောင်နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၅ ရက်လောက်ကတည်းက ထားဝယ်အရှေ့တောဒေသကို ဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လေးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၂ ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013