DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို
DVB
·
June 8, 2023
လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို
Donate to DVB

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင်ငံရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဒီကြားနာမှုကို တံခါးပိတ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး “မြန်မာနိုင်ငံက အယောက်စီတိုင်းအတွက် သမိုင်းဝင်နေ့တနေ့ ဖြစ်တယ်” လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က မှတ်ချက်ပေးပါတယ်။

“နောက်ဆုံးမှာ လူကိုယ်တိုင် ကြားနာမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်တဲ့အပြင် ခုံရုံးဥပဒေအရ ခိုင်လုံတဲ့သက်သေတွေပါ ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်” လို့ ဦးထွန်းခင်က ဖြည့်စွက်ပြောပါတယ်။ ဒါပေမဲ့လည်း “လုံခြုံရေးအကြောင်းပြချက်တွေ” ကြောင့် သက်သေထွက်ဆိုခဲ့တဲ့ ရိုဟင်ဂျာ အရေအတွက်နဲ့ သက်ဆိုင်ရာ အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူဒါဇင်ဝက်ရဲ့ ကြားနာမှုကို လာမယ့် ဇွန် ၁၃ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ဖို့ မျှော်မှန်းထားကြောင်း ဒီအမှုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံရဲ့ တရားရေးစနစ်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းအတိုင်း ရာဇဝတ်မှု တိုင်ကြားချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး ကြေညာခဲ့တာပါ။

အဲ့ဒီတနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၆ ဦးဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုရလဒ်အဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသလို ဆွေမျိုးသားချင်းတွေလည်း သေဆုံးခဲ့ရတယ်ဆိုပြီး အာဂျင်တီးနား တရားရုံးတခုရဲ့ အွန်လိုင်းပေါ်က ကြားနာမှုမှာ ပါဝင်ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် “အသက်ရှင်ကျန်ရစ်ခဲ့သူတွေအပေါ် လူကိုယ်တိုင် ကြားနာစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေပြီး အလွန်အရေးကြီးတဲ့ သက်သေတွေပါ ရရှိလာပြီ” ဖြစ်ကြောင်း ဦးထွန်းခင်က ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ စည်းမျဉ်းဥပဒေအရ အပြင်းထန်ဆုံး ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံသား ဒါမှမဟုတ် အခင်းဖြစ်ရာအပေါ် ထည့်သွင်းစဉ်းစားမှုမပြုဘဲ တရားစွဲဆိုနိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းက လူဦးရေ ၇ သိန်းခွဲနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာလည်း ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံကို သီးခြားတရားစွဲဆိုထားပါတယ်။

Ref: AFP/CNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013