Home
မြန်မာသတင်း
စစ်တွေနည်းပညာကျောင်းအုပ်ကြီး၏ ရုပ်အလောင်းကို ကမ်းစပ်တွင် ပြန်ရှာတွေ့ 
DVB
·
June 5, 2023
347412049_104143702707091_8930587832832394574_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကမ်းနားမှာ ရေထဲဆင်းသွားစဉ် ပျောက်ဆုံးသွားတဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းအုပ်ဖြစ်သူကို ဇွန် ၃ ရက် ညနေ ၅ နာရီခွဲလောက်က  ဘာဆာရွာအနီး ကမ်းစပ်မှာ အလောင်းပြန်‌ရှာတွေ့ခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။ 

အသက် ၄၅ နှစ်အရွယ် စစ်တွေ အစိုးရနည်းပညာ အထက်တန်းကျောင်းအုပ်ကြီး ဦးသိန်းနိုင်ဟာ ဇွန် ၂ ရက် မွန်းလွဲပိုင်းက ကမ်းနားလမ်း၊ တြိဂံလမ်းဆုံ ကျောက်တန်းတွေကြားမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး နောက်တနေ့ကျမှ သူ့ရဲ့ အလောင်းကို ပြန်ရှာတွေ့ခဲ့တာပါ။ 

ရွှေရောင်မေတ္တာကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက " ဇွန်လ ၃ ရက် ညနေက ၅ နာရီခွဲကျော်လောက်က စတွေ့တာ၊ ၂ ရက်က ပျောက်သွားတာ ၃ ရက်နေ့ ပြန်တွေ့တယ်။ ပြန်တွေ့တာက စစ်တွေဟိုတယ်ရဲ့ အနောက်ဘက်က ဘာဆာရွာရဲ့ ကမ်းစပ်နားမှာ တွေ့တာ။ အသက်က ၄၅ နှစ်၊ အဲဒီနေ့က ရေထဲဆင်းသွားတယ်လို့ တွေ့တဲ့သူတွေက ပြောတယ်" လို့ ဆိုပါတယ်။

ကျောင်းအုပ်ဆရာကြီး မပျောက်ဆုံးခင်က စစ်တွေ၊ ဖောင်တော်ဟောင်းကြားရှိ ကျောက်တန်းတွေထဲ ဆင်းသွားတာကို မြင်တွေ့လိုက်ရတယ်လို့ သိရပြီး သူ့ရဲ့ ဦးထုပ်၊ ဖိနပ်နဲ့ အသုံးအဆောင် ပစ္စည်း တချို့ကို ကမ်းစပ်မှာ ချထားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရုပ်အလောင်းကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး မိသားစုဝင်‌တွေက ကျောင်းအုပ် ရုပ်အလောင်းဖြစ်တယ်လို့ အတည်ပြုပြောထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024