Sunday, June 11, 2023
HomeLead Storyမြောက်ဒဂုံတွင် အမျိုးသားရေးလှုပ်ရှားသူ ၁ ဦး ပစ်သတ်ခံရ

မြောက်ဒဂုံတွင် အမျိုးသားရေးလှုပ်ရှားသူ ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးလမ်းနဲ့ ဇေယျာသီဒ္ဓိလမ်းထောင့်က ရွှေသုခလက်ဖက်ရည်ဆိုင်မှာ ဒီနေ့ မေ ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲက အမျိုးသားရေးလှုပ်ရှားသူတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီက အမျိုးသားရေးလှုပ်ရှားရေးသူတဦးကို ရွှေသုခလက်ဖက်ရည်ဆိုင်မှာ ထမင်းစားနေစဥ် အမည်မသိ လူငယ်တဦးက သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက မြောက်ဥက္ကလာမှာနေတာ၊ ဒီရပ်ကွက်က မဘသတွေဆီလာရင်း အပစ်ခံရတာဖြစ်မယ်။ အခု သေနတ်နဲ့ပစ်ခံရတဲ့ ဦးတင့်လွင်က နာမည်ကြီးပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း မြောက်ဥက္ကလာမှာ အပစ်ခံရသေးတယ်။”

သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဦးတင့်လွင်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးပြီး စစ်ကောင်စီတပ်က မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ဦးတင့်လွင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက် မနက် ၁၀ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ်၊ က ရပ်ကွက်၊ မေယု ၄ လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular