Home
မြန်မာသတင်း
ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည့် ရွှေဘိုမိုင်းခွဲမှု ကာကွယ်ရေးတပ်များ ရှုတ်ချ
DVB
·
March 29, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီအရာရှိတွေ ရောက်ရှိနေတဲ့အတွက် စစ်သားတွေ နေရာအနှံ့ချထားချိန် မတ်လ ၂၈ ရက်က ရွှေဘိုကားကွင်းအနီး တံတားပေါ်မှာ မိုင်းကွဲပြီး ကလေးငယ်တဦး အပါအဝင် လူ ၂ဝ ကျော် ဒဏ်ရာရကာ ၁ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရှုတ်ချတယ်လို့ Black Wolf Army က ပြောပါတယ်။

အဆိုပါဖြစ်စဥ်အပြီး တံတားပေါ် လူနာတွေကောက်ပြီးချိန်မှာ  ကားကြီးကွင်းမြောက်ဘတ်လမ်းပေါ်မှာ ဒုတိယအကြိမ် ထပ်မံမိုင်းကွဲခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီးလူနာ ၈ ဦးကို မန္တလေးဆေးရုံ လွှဲပြောင်းထားပြီး ဆေးရုံရောက်ရှိချိန် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ Black Wolf Army မှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကဖြစ်စဥ်က တော်တော်ကို ပြည်သူတွေ ထိခိုက်ခဲ့ရတယ်။ အဲ့အတွက် ကျနော်တို့လည်း လက်လှမ်းမီရာကို စုံစမ်းကြည့်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ မလုပ်ကြဘူးလို့ ပြောတယ်။ စစ်ကောင်စီလုပ်တာ အများကြီးဖြစ်နိုင်ပြီး တကယ်လို့ တခုခုသိရရင်လည်း လက်တုံ့ပြန်သွားမယ်။”

အခုလို မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူလူထု အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဘယ်အဖွဲ့အစည်းဖြစ်စေကာမူ BLACK WOLF - ARMY တပ်ဖွဲ့ဝင်တွေက ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဖြစ်စဥ်မှာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နစ်နာစေတဲ့အတွက် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို မေးကြည့်ရာမှာတော့ မလုပ်ဘူးလို့ ထွက်ဆိုကြတဲ့အတွက် ဆက်လက်ပြီး အလားတူလုပ်ရပ်မျိုး ထပ်မံပြုလုပ်လာပါက မရမကစုံစမ်းပြီး စစ်ကောင်စီတပ်ကဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖြစ်စေ ပြုလုပ်တယ်လို့ ကြားသိရပါက လက်တုံ့ပြန်သွားမယ်လို့ လတ်တလော သိရပါတယ်။

စစ်ကောင်စီထောင်ထားတဲ့မိုင်းလို့ သိရပါက ပြည်သူလူထုအနေနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခဲ့တဲ့ စစ်ကောင်စီ တပ်ရင်းနံပါတ်၊ ဦးဆောင်သူနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို BLACK WOLF - ARMY သို့ ပေးပို့နိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

ဓာတ်ပုံ-BWA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024