Home
မြန်မာသတင်း
ကလေးမြို့တွင် စသုံးလုံးရုံး တိုက်ခိုက်ခံရ
DVB
·
March 27, 2023
338356222_770100834725043_2815668718428624018_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ  မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့  စစ်ကောင်စီတပ်သားတွေက မြို့တွင်း နေရာအနှံ့အပြားမှာ လုံခြုံရေးရယူထားတဲ့ကြားက မြို့တွင်းနေရာတချို့မှာလည်း ပေါက်ကွဲသံတွေ၊ လက်နက်ကြီးသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က တောင်ဇလပ်ရပ်ကွက်ရှိ စသုံးလုံးရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့တွင်းမှာရှိတဲ့ စစ်တပ်တွေကနေ မြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တယ်လို့ SUG က အဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအ‌ခြေအနေကိုတော့ မသိခဲ့ရဘူး။ သူတို့က ကျနော်တို့ လက်နက်ကြီးနဲ့ပစ်ပြီး သိပ်မကြာခင် လက်နက်ကြီး‌တွေနဲ့ ထုတာ။ ကျနော်တို့အထင်တော့ စစ်သားဘက်က အကောင်ကြီးတစ်ကောင်လောက်ကျလို့ အဲဒီလောက် လုပ်နေတာလို့ ခန့်မှန်းရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။”

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း ကျေးရွာက ဒေသခံတွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကလေးမြို့တွင်းမှာလည်း စစ်ကောင်စီက ဒေသခံပြည်သူတွေကို မတ် ၂၆ ရက်က ၇၈ နှစ်မြောက် တပ်မတော်နေ့အကြိုအဖြစ် စစ်တပ်ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024