DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မုံရွာ နမခတိုင်းရုံးရောက်ရှိနေချိန် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
DVB
·
March 20, 2023
စစ်ခေါင်းဆောင် မုံရွာ နမခတိုင်းရုံးရောက်ရှိနေချိန် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းရုံးကို စစ်ခေါင်းဆောင် ရောက်ရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပတ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ဓာတ်ငွေဗုံးနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် Chindwin Attack Force ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မတ် ၁၉ ရက်မနက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ နမခတိုင်းရုံးကို ရောက်ရှိခဲ့ပြီး စည်းရုံးဟောပြောနေတတယ်လို့ တပ်တွင်းမှ သတင်းပေးချက်အရ နေ့လယ် ၂နာရီလောက်မှာ Chindwin Attack Force တပ်ဖွဲ့က ၆၀ မမ ၄ လုံး၊ ၁၂၀ မမ ၄ လုံးနဲ့သွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

လက်နက်ကျည် ၅ လုံးမှာ စစ်တပ်ဂိတ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်တွင်းကနေ ဓာတ်ငွေ့ဗုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ခေါင်းဆောင် နမခထဲ ရောက်နေတယ်ကြားလို့ သွားခဲ့တာပါ။ လက်နက်ကြီးပစ်ခတ်ပြီး သိပ်မကြာဘူး တပ်ထဲကနေ လက်နက်ကြီးကျည်တွေ ပြန်ထွက်လာပြီး ပေါက်ကွဲတော့ ဂက်စ်တွေထွက် စိမ်းရွှေရွှေအနံ့တွေရတော့ အရင်တခေါက်ကလည်း ခံခဲ့ရဖူးတော့ အမြန်ပြန်ဆုတ်ခဲ့ရတယ်။”

တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီတိုက်ပွဲမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ တပ်ခွဲ ၄၊ Fight For People - FFP PDF ကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလိုပစ်ခတ်မှုရှိခဲ့ပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အနောက်မြောက်တိုင်း  စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုတွေနဲ့  တိုင်းစစ် ဌာနချုပ်၊ ဇေယျာသီရိခန်းမမှာ တွေ့ဆုံပြီး တပ်တွင်း စည်းလုံးညီညွတ်မှုရှိဖို့ ပြောသွားပါတယ်။

စစ်ခေါင်းဆောင်က “ အင်အားဟူသည့် စကားမှာ စကားလုံး တစ်လုံး တည်းသာဖြစ်သော်လည်း နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ တပ်တွင်းစည်းလုံးညီညွတ်မှုအား၊ နိုင်ငံအတွင်း စုစည်းညီညွတ်မှုအင်အားများကို မဖြစ်မနေ တည်ဆောက်သွားရမယ်”လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013