DVB Logo
Home
မြန်မာသတင်း
ကနီတွင် အချင်းချင်းပစ်ခတ်ပြေးလာသည့်စစ်သားကို PDF က ထိန်းသိမ်းထား၊ မုံရွာ ကညနရုံးက စစ်သားများ တိုက်ခိုက်ခံရ
DVB
·
February 18, 2023
ကနီတွင် အချင်းချင်းပစ်ခတ်ပြေးလာသည့်စစ်သားကို PDF က ထိန်းသိမ်းထား၊ မုံရွာ ကညနရုံးက စစ်သားများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီလောက်က စစ်သားအချင်းချင်း သေနတ်နဲ့ပစ်ခတ်ပြီး တပ်ကထွက်ပြေးလာတဲ့ စစ်သားတဦး ကနီမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တဖွဲ့ဆီ ခိုလှုံလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကနေ ထွက်ပြေးခိုလှုံလာတဲ့ စစ်သားဟာ တပ်ရင်း ၉၂၉ မုံရွာထောက်ပို့တပ်က မျိုးမြင့်၊ ကိုယ်ပိုင်နံပါတ်က တ-၅၇၀၄၅၇ ဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

*ဒီနေ့မနက်မှာ စစ်သားယောက် ကျနော်တို့ စိုးမိုးနယ်မြေထဲ ရောက်လာတယ်လို့ ပြည်သူက အသိပေးလို့ သွားရောက်ထိန်းသိမ်းတာတွေလုပ်ခဲ့တယ်ဗျ။ သူဆီက M1 သေနတ်တလက်ရယ်ဦ၊ ကျည်ဘောက်တခုရယ်၊ ကျည် ၂၈ တောင့် ကို သိမ်းဆည်းရမိတယ်။” 

ထွက်ပြေးလာတဲ့ စစ်သားက “ကျနော်တို့ စစ်သားအချင်းချင်း ပစ်ခတ်ပြီး အခုလိုထွက်ပြေးခဲ့ရတာဗျ။ ဘာကြောင့် ပစ်ရတာလဲဆိုတော့ သူက  ကင်းလှည့်ထွက်နေတဲ့အချိန်မှာ သူ့ကောင်မလေးနဲ့ချိန်းတွေ့နေတယ်။ အချိန်နောက်ကျလို့ ကျနော်က သွားခေါ်တော့ သူ့ကို လာခေါ်ရမလားဆိုပြီး ကျနော်ကို သေနတ်နဲ့ပစ်မယ်လုပ်တယ်။ သူမပစ်ခင် ကျနော်အရင်ပစ်ပြီး အခုလိုထွက်ပြေးခဲ့တာဗျ။ ကျနော် ထွက်ပြေးပြီး ရှောင်ပုန်းနေတဲ့အချိန် အခုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တွေ့ပြီး အထိန်းသိမ်းခံခဲ့ရတာပါဗျ” လို့ ပြောပါတယ်။

သူ့အနေနဲ့ စစ်တပ်အတွင်းကနေ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ အခွင့်ရေးမသာလို့ မထွက်ပြေးခဲ့ရတာလို့ အဆိုပါ စစ်သားက ဆိုပါတယ်။

တပ်အတွင်းမှာ ဖိနှိပ်မှုတွေများစွာရှိပြီး အခု ပြည်သူ့ကာကွယ်ရေးတပ်ဆီရောက်တော့ မိသားစုဝင်တွေလို ထားတာကြောင့်  စစ်ကောင်စီတပ်ထက်စာရင် လွတ်လွတ်လပ်လပ်ရှိတယ်လို့‌ ထပ်မံပြောဆိုပါတယ်။

‌ထွက်ပြေးလာတဲ့ စစ်သားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က လက်ရှိ စောင့်ကြည့်အနေအ ထားနဲ့ ထိန်းသိမ်းထားမှာဖြစ်ပြီး နောက်ပိုင်းမှာ သူသဘောထားအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ဝင်ရပ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်မှာ PDF မဟာမိတ် ပူးပေါင်းအဖွဲ့က အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ရာ စစ်သား ၃ ယောက် သေဆုံး သွားတယ်လို့ မုံရွာခရိုင် Chindwin Attack Force အဖွဲ့က ထုတ်ပြန်ပါတယ်။

မုံရွာခရိုင် Chindwin Attack Force တပ်ရင်းရဲ့ တာဝန်ရှိသူက "အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ သတင်းပေးချက်အရ ကင်းပုန်းဝပ်နေတုန်း အလစ်ဝင်တိုက်တာ စစ်သား ၃ ယောက် ပွဲချင်းပြီး သေပြီး အပြန်အလှန် ၅ မိနစ်ကျော်လောက်ပစ်ခတ်ခဲ့ကြတယ်" လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)တပ်ရင်း-၂/၃/၄၊ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force) Spring Dove မဟာမိတ်ပူးပေါင်းအဖွဲတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013