DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့်မြိုင်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးစခန်းတို့ တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံး များပြား
DVB
·
February 18, 2023
ရေစကြိုနှင့်မြိုင်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးစခန်းတို့ တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံး များပြား
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံလို့ ၇ ယောက်ထက်မနည်း  ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပ.က.ဖ က ပြောပါတယ်။

ရေစကြိုမြို့နယ် ရှင်မတောင်တောင်ပေါ်ကို လူစားလဲပြီး အင်အားထပ်တိုးဖို့ သွားတဲ့ ခမရ ၂၅၈ တပ်ရင်း အင်အား ၇၀ လောက်ကို ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာ ကြားမှ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး လူနာတွေကို တော့ ခမရ ၂၅၈ ကို ပြန်တဲ့ ဖောကားတစီးနဲ့ တင်သွားကြောင်း စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MTRF၊ Young Force UG၊ သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့တိုနဲ့ အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ရဲဘော်တွေအနေနဲ့ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်၊ ဇင်းကျိုက်ဆည်ဘောင်ပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး ၅ ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က သိရပါတယ်။

မနေ့က မနက် ၁၀ နာရီလောက်က ဖောကားတစီနဲ့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေ ဇင်းကျိုက်ဆည်ဘောင်ပေါ်မှာ  ကင်းပတ်နေတဲ့အချိန် မိုးဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို မိုင်း ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၁၀ ယောက်ဒဏ်ရာ ရခဲ့တာကို အတွင်းသတင်းအရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်ကလည်း မြိုင်မြို့နယ်၊ သရက်ကန်ရွာက ပျူစောထီးစခန်းကို  ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပ.က.ဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၂ ယောက် ဒဏ်ရာ ရသွားတယ်လို့ အတွင်းသတင်းပေးတွေဆီက စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပ.က.ဖ တပ်ရင်း(၁)တပ်ခွဲ-၁၊တပ်ခွဲ(၂) ဂဠုန်တပ်ဖွဲ့နဲ့ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

ရေစကြိုနဲ့မြိုင် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီက သတင်းမထုတ်ပြန်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013