DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ဂျာမနီနိုင်ငံရှိ နိုင်ငံတကာတရားရုံးတွင် တရားစွဲ
DVB
·
January 25, 2023
မြန်မာစစ်တပ်ကို  ဂျာမနီနိုင်ငံရှိ နိုင်ငံတကာတရားရုံးတွင် တရားစွဲ
Donate to DVB

တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံသား ၁၆ ဦးနဲ့  လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Fortify Rights အဖွဲ့တို့စုပေါင်းပြီး ဂျာမနီနိုင်ငံရှိ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဇန်နဝါရီ ၂၄ ရက်မှာ ကြေညာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလူမျိုးတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပါအဝင် ၂၀၁၇ ခုနှစ်က မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်ခေါင်းဆောင်တွေ တာဝန်ယူမှုရှိစေရမယ်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

Fortify Rights အဖွဲ့နဲ့အတူ ပူးပေါင်းပြီး တရားစွဲဆိုသူ မြန်မာနိုင်ငံသား ၁၆ ဦးထဲမှာ  ၂၀၁၇ ခုနှစ်ကြမ်းကြုတ်ရက်စက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ မွတ်စလင်တွေ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသား၊ ပညာရှင်၊ လယ်သမား၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အိမ်ရှင်မတွေပါ ပါဝင်တာဖြစ်ပါတယ်။

Fortify Rights အဖွဲ့ ပူးတွဲထူထောင်သူ အတွင်းရေးမှူး မက်သယူးစမစ်က “စစ်ရာဇတ်မူမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ကျူးလွန်ခြင်းတွေအတွက် ပြစ်မှုတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးကို ကိုယ်စားပြုနိုင်လောက်တဲ့အထိ ကြီးမားနေပြီး ထိုဒေသရှိ လူမျိုးမရွေး ဘာသာမရွေး အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုပိုင်ခွင့်ရှိတယ်” လို့ ပြောပါတယ်။

တရားစွဲဆိုရာမှာ သက်သေတွေအဖြစ် အသက်ရှင်ကျန်ရစ်သူတွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေ၊ မြန်မာစစ်တပ်ထဲက ထွက်ပြေးလာသူတွေထံက ပေါက်ကြားလာတဲ့ အချက်အလက်တွေ၊ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးနဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေ ပူးတွဲ တင်ပြထားပါတယ်။

မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့မှာလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားကာ စုံစမ်းစစ်ဆေးနေတဲ့အပြင် အာဂျင်တီးနား၊ တူရကီနဲ့ ဩစတြေးလျ တရားရုံးတွေမှာလည်း တရားစွဲဖို့ ဆောင်ရွက်နေတာ တွေရှိပါတယ်။

Photo-Fortify Rights

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013