Live
Home
မြန်မာသတင်း
အိမ်မဲမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
January 23, 2023

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့  နေအိမ်အလည်လာသူ ၃ ဦးတို့ကို  စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးစောနေမူးကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးကို မတွေ့တဲ့အတွက် နေအိမ်ရှိ သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ ရဲက လာဖမ်းတာ။ သူတို့အပြောကတော့ လက်နက်တွေ ဝှက်ထားလို့ဆိုပြီး ပြောတယ်။ အိမ်ကိုလည်း ရှာတယ်။ အုပ်ချုပ်ရေးမှူးက အိမ်မှာ မရှိတာနဲ့ သုံးနှစ်သားကလေးရယ် သူ့မိန်းမရယ် အိမ်အလည်ရောက်နေတဲ့ အမျိုးသမီးသုံးဦးရယ်ကို ဖမ်းသွားတယ်။  အဲဒီညမှာပဲ အုပ်ချုပ်ရေးမှူးကို ရွာသစ်ကြီးကျေးရွာမှာ ဖမ်းမိသွားတယ် "လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ အိမ်အလည်လာတဲ့  အမျိုးသမီးသုံးဦးကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဇနီးဖြစ်သူ  ဒေါ်အိဖြူကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024