DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စွဲထားသည့် ခင်ဦး အလည်သျှိုကျေးရွာကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
January 2, 2023
စစ်ကောင်စီတပ်စွဲထားသည့် ခင်ဦး အလည်သျှိုကျေးရွာကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ် ၅ ရက်ကြာ တပ်စွဲထားတဲ့ အလည်သျှိုကျေးရွာကို ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲက ခရိုင်တပ်ရင်း-၃၊ ခင်ဦး PDF၊ မြို့နယ် ပကဖ၊ ပလဖ နဲ့ ခင်ဦးထဲက တခြား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“စကစနဲ့ ပျူတွေ တပ်စွဲထားတဲ့ အလည်လျှိုကျေးရွာကို သုံးချီမြောက် စစ်ဆင်ရေးအဖြစ်နဲ့ စစ်မျက်နှာ ၃ ဖက်ဖွင့် တိုက်ခိုက်ခဲ့တာပါ။ အရှေ့ထိပ်၊ နောက်ထိပ်မှ နှစ်ဖက်ညှပ်ပြီး တရစပ်ပစ်ခတ် ထိုးစစ်ဆင် တိုက်ခိုက်တာ‌ကြောင့် ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်။”

အလည်လျှိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၉၀ ခန့်က ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ချိန် ရွာကို အရှေ့ထိပ် အနောက်ထိပ်ပိတ်ပြီး သတ်ကွင်း (မီးလောင်ပြင်) အဖြစ် ဖော်ဆောင်နေတယ်လို့လည်း ဆက်ပြောပါတယ်။

“တိုက်ပွဲက ၅ နာရီကြာ‌လောက် ဖြစ်ခဲ့တယ်။ သူတို့က ရွာ အရှေ့ထိပ် အနောက်ထိပ်ကို သတ်ကွင်းအ‌နေနဲ့ မီးတင်ရှို့တယ်။ ပြီးတော့ ရွာအလယ်ပိုင်းကို ပြန်စုရုံးပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ ည ကိုးနာရီခွဲလောက်မှာ တိုက်ပွဲပြီးတယ်။ သူတို့ထိခိုက်တဲ့ အရေအတွက် အတိအကျတော့ မသိရဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေတော့ အထိအခိုက် အကျအဆုံး မရှိပါဘူး။”

အလည်လျှိုကျေးရွာဟာ ခင်ဦးလမ်းဆုံရဲ့ မြောက်ဘက် (ရွှေဘို-မြစ်ကြီးနား) ဗျူဟာလမ်းဘေး ကပ်လျက်မှာတည်ရှိပြီး ဇီးကုန်း စစ်ကောင်စီတပ်နဲ့ ရွှေဘို လေ့ကျင့်ရေး-၈ စစ်ကောင်စီတပ် အကြားရှိ အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ဇန်နဝါရီ ၂ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ ရွာအတွင်း ပုန်းခိုနေတဲ့ စစ်ကောင်စီနဲ့ ပျူတွေက တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီဘက်က ရုပ်အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ပြီး သေနတ်တွေပစ်ဖောက် (အမိန့်ပြန်) တာတွေ ပြုလုပ်ကြောင်းနဲ့ နေအိမ်တွေကို ဆက်လက်မီးရှို့တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013