DVB Logo
Home
မြန်မာသတင်း
စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို စစ်​ကောင်စီပြန်ဖွင့်ပေး
DVB
·
December 1, 2022
စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို စစ်​ကောင်စီပြန်ဖွင့်ပေး
Donate to DVB

၃ လနီးပါးကြာ ပိတ်ထားတဲ့ စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို ဒီဇင်ဘာ ၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ပြီလို့ ရေကြောင်းလှိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့အကြား နှစ်ဖက်အပြန်အလှန်အပစ်ခတ် ရပ်စဲလိုက်ကြပြီးနောက် စစ်ကောင်စီက ရေကြောင်းလမ်းတချို့နဲ့ ကုန်းလမ်းတချို့တိုကို ပြန်လည်ဖွင့်ပေးလာခြင်းဖြစ်ပါတယ်။

​စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြန်လည်ပြေးဆွဲဖို့ အစိုးရဘက်က အကြောင်းကြားလာတာကြောင့် စတင်ထွက်ခွာတော့မယ်လို့ ရွှေပြည်တန်အထူးရေယာဥ်ရဲ့ မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။

"စစ်တွေ-မြောက်ဦး ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က စပြီး ပြေးဆွဲခွင့်ရပြီလို့ ကျနော့်ဆီကို အကြောင်းလာပါတယ်။ စစ်ပွဲကာလတုန်းက ပိတ်ပင်ခဲ့တဲ့ ရေကြောင်းလမ်း ၃ ခုလုံးကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီ။ ကျနော်တို့ဆီကို အကြောင်းကြားလာတဲ့ အထဲမှာတော့ ကန်သတ်ချက်ဆိုတော့ ပါလာတာမရှိဘူး။ ကျနော်တို့ကလည်း အဓိက ခရီးသယ်တွေကိုပဲ တင်ဆောင်နေတာဖြစ်ပါတယ်။" 

စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် ရေလမ်းကြောင်းနဲ့ စစ်တွေ၊ မြောက်ဦး ရေကြောင်းလမ်းတို့ကို စက်တင်ဘာလကတည်းက စစ်ကောင်စီက ပိတ်ပင်ခဲ့ပြီး စစ်တွေ၊ ပေါက်တော၊ မင်းပြား ရေလမ်းကြောင်းကိုလည်း အောက်တိုဘာ ၁၉ ရက်နေ့မှာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အခုလို ၃ လ နီးပါးကြာပိတ်ပင်ထားတဲ့ ရေကြောင်းလမ်းကို ဖွင့်ပေးလိုက်တာက မြောက်ဦးမြို့နယ်သားတွေအတွက် ကျန်းမာရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းအတွက် အများကြီး အထောက်အကူပြုတယ်လို့ မြောက်ဦးမြို့ခံတဦးဖြစ်တဲ့ ကိုသန်းနိုင်က ပြောပါတယ်။

"ရွှေပြည်တန် ရေကြောင်းလိုင်းကို ပြန်လည်ပြေးဆွဲတာတွေ ရပြီဆိုတော့ ကျနော်တို့မြို့နယ်က လူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းမှုက အစတော်တော်လည်းကို အဆင်ပြေသွားကြတာပေါ့ဗျာ။ ကျနော်တို့မှာ စစ်တွေ တခေါက်သွားဖို့ဆိုရင် ကားလမ်းကလည်း ပိတ်ထား၊ ရေကြောင်းလမ်းကလည်းပိတ်ထားတော့ မင်းပြား ပေါက်တောမြို့နယ်တွေဘက်က ပတ်ပြီးသွားနေရတော့ ကုန်ကျစရိတ်က ၃ ဆလောက်အထိ ကုန်ကျနေကြရတယ်။ အခုက တိုက်ရိုက် သွားခွင့်ရတယ်ဆိုရင်တော့ ကုန်ကျစရိတ်ရော၊ လမ်းကြောင်းကရော ပိုသက်သာပြီး ပိုအဆင်ပြေသွားတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ကုန်ကြောင်းလမ်းတွေနဲ့ ရေကြောင်းလမ်းတွေကို သြဂုတ်လ ကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲပြီးနောက် ပြန်လည်ပြေးဆွဲခွင့်ပြုလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား တကျော့ပြန် ၄ လကျော်ကြာ တိုက်ပွဲပြင်းထန်လာပြီး နိုဝင်ဘာ ၂၇ ရက်နေ့မှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲလိုက်ကြတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတစ်ချို့ကို ပြန်လည်ဖွင့်ပေးပေမဲ့ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းအပါဝင် မောင်တော-အငူမော်ကားလမ်းနဲ့ ကျောက်တော် ပလက်ဝ ရေကြောင်းလမ်းတွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013