DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆၀ ကျော်ကို အဓမ္မခိုင်းစေရန် ပေါ်တာဆွဲ
DVB
·
December 1, 2022
ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆၀ ကျော်ကို အဓမ္မခိုင်းစေရန် ပေါ်တာဆွဲ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်လမ်း၊ ကွမ်ဆိုင်ကျေးရွာထိပ်က ဆုတောင်းကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်မ (၃) ခလရ(၄၂) တပ်ရင်းက အင်အား ၁၀၀ ကျော်နဲ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက အရပ်သားပြည်သူတွေကို အဓမ္မခိုင်းစေဖို့ ပေါ်တာ ဆွဲသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီညနေပိုင်းမှာ လမ်းခရီးတလျှောက် တွေ့သမျှ အရပ်သားပြည်သူတွေအပြင် ဖားကန့် အတက်အဆင်း ကားသမားတွေအပါအဝင် အယောက် ၆၀ လောက်ကို ဖမ်းဆီးပြီး လမ်းပြနဲ့ အထမ်းပေါ်တာအဖြစ် ခိုင်းစေကာ ဖားကန့်မြို့က ဆင်းလာခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၅ နာရီလောက်က နန့်ယားကျေးရွာရှိ စစ်ကောင်စီစခန်းကို ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

“ကားသမားတွေကိုတော့ ဒီမနက်ပိုင်း (ဒီဇင်ဘာ ၁ ရက်) မှာ ပြန်လွှတ်ပေးလိုက်ပြီလို့တော့ သိရတယ်။ တခြားအရပ်သားပြည်သူတွေကိုတော့ နန့်ယား စစ်ကောင်စီစခန်းထဲ ခေါ်ဖမ်းထားတယ်။ ဖားကန့်လမ်းမှာ စစ်တပ်က ပေါ်တာဆွဲနေတာ။ ပြီးရင် သူတို့ သွားချင်တဲ့နေရာကို သွားရင် လူသားတံတိုင်းလို ခေါ်သွားတာ။ နန့်ယားဂိတ်ကတော့ အရင်ကတည်းက အစစ်အဆေးကြမ်းတယ်။ အခုလည်း ဖားကန့်လမ်းက အစစ်အဆေးများတုန်းပဲ။”

ဖားကန့်မြို့နယ် ကားမိုင်းစစ်ကောင်စီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေက ဒီဇင်ဘာလ ၁ ရက် မနက် ၆ နာရီခန့်ကစပြီး ကားမိုင်းမြို့အဝင် လိုင်နောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ဖားကန့် အနန့်ပါကို လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဖားကန့်မြို့မှာ စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ တောက်လျှောက်ရှိနေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013