Home
မြန်မာသတင်း
အိုဘိုထောင်တွင်းဆန္ဒပြခဲ့သည့် ဗကသကျောင်းသား ကိုအောင်နိုင်သူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
DVB
·
September 3, 2022

မန္တလေးပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကိုအောင်နိုင်သူကို စက်တင်ဘာ ၁ ရက်က အိုးဘိုထောင်တွင်းတရားရုံးက  ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ကိုအောင်နိုင်သူဟာ ၂၀၂၁ ခုနှစ် မေလ ၁၂  ရက်က မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်မှာ အဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ ( က) နဲ့ တရားစွဲဆို အမိန့်ချခံခဲ့ရတာပါ။

ကိုအောင်နိုင်သူဟာ ကျောင်းသားထုအခွင့်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင်ပါဝင်ခဲ့တဲ့အပြင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက်မှာလည်း အိုးဘိုအကျဉ်းထောင်တွင်း ဆန္ဒပြပွဲဦးဆောင်ပါဝင်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီလို အိုးဘိုအကျဉ်းထောင်တွင်းဆန္ဒပြပွဲဦိးဆောင်ပါဝင်ခဲ့တာကြောင့် ဩဂုတ်လက စတင်ပြီး  စက်တင်ဘာ ၂ ရက်အထိ တိုက်ပိတ်ခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

‌ထောင်တွင်းဆန္ဒပြပွဲတွင် ထောင်အာဏာပိုင်တို့ရဲ့ရိုက်နှက်မှုကြောင့် စက်တင်ဘာ ၁ ရက်နေ့ ထောင်တွင်းတရားရုံး ရုံးထုတ်မှာ Wheel Chair နဲ့ ရုံးထုတ်ခဲ့ရ‌တယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024