DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် အောင်စံလင်း အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ
DVB
·
July 7, 2022
ဒီဗွီဘီသတင်းထောက် အောင်စံလင်း အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ
Donate to DVB

ဒီဗွီဘီသတင်းထောက် အောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးကနေ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၄၇ နှစ်အရွယ် သတင်းထောက် အောင်စံလင်းကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ခ နဲ့ ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ၆ နှစ် ချမှတ်လိုက်တာပါ။

အောင်စံလင်းကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာက သူ့အိမ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ညသန်းခေါင်ကျော်အချိန်က ဝရမ်းမပါဘဲနဲ့ လာဖမ်းသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ဘဲ တလလောက် ပျောက်ဆုံးသွားခဲ့ရတာကြောင့် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေတွေက လူပျောက်ဆုံးမှုနဲ့ ထပ်ဆင့်တိုင်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်မှာ ရွှေဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ကာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားကြောင်း မိသားစုနဲ့ ရှေ့နေထံကို အကြောင်းကြားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပထမဆုံး ရုံးထုတ်စစ်ဆေးမှုကို ရွှေဘိုထောင်တွင်းတရားရုံးမှာပဲ ဇန်နဝါရီ ၂၆ ရက်မှာ ပြုလုပ်မယ်လို့ ရှေ့နေတွေကို အကြောင်းကြားခဲ့ပေမဲ့ ရုံးထုတ်စစ်ဆေးခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက် မေလပိုင်းမှာ ဝက်လက်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး တရားရုံးထုတ် စစ်ဆေးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်တိုးတရားစွဲဆိုခံခဲ့ရကာ ဝက်လက်မြို့နယ် တရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၇ လအကြာမှ အောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် စုစုပေါင်း ၆ နှစ် အမိန့်ချမှတ်ခဲ့တာပါ။ သူ့ကို ရွှေဘိုအကျဉ်းထောင် ပို့ဆောင်သွားမယ်လို့လည်း သိရပေမဲ့ ဘယ်အချိန်မှာ ပို့ဆောင်သွားမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဗွီဘီသတင်းထောက်တွေ အပါအဝင် သတင်းသမားပေါင်း ၁၄၅ ယောက် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်ပေးလိုက်တာက ၈၀ ရှိပါတယ်။ လက်ရှိအကျဉ်းထောင်တွေထဲမှာ ၆၁ ယောက်တဲ့အနက် ၂၅ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရကာ အမှုရင်ဆိုင်နေရသူ ၃၆ ယောက်ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတဲ့ သတင်းထောက်က ၄ ယောက် ရှိပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)(ခ)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်အရေးယူကာ ထောင်ဒဏ်တွေ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013