DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့ခံ သတင်းထောက်ဟောင်း ၁ ဦး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရ
DVB
·
December 28, 2021
ဖျာပုံမြို့ခံ သတင်းထောက်ဟောင်း ၁ ဦး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေဆီက သိရပါတယ်။

နီးစပ်သူတဦးက  “သူ့ကို စဖမ်းတုန်းက သိမ်းသွားတဲ့ ဖုန်းထဲက အသံဖိုင်ကြောင့်လို့ထင်တယ်၊ ပုဒ်မ ၂ ခုနဲ့ စွဲထားတာခံရတယ်။ အားလုံးက အကြမ်းဖက် ဥပဒေပုဒ်မတွေ ဖြစ်နေတယ်၊ ခရိုင်တရားရုံးမှာ ၂ ပတ် ၁ ခါ ရုံးထုတ်စစ်ဆေးတယ်” လို့ ပြောပါတယ်။

သတင်းထောက် ကိုမျိုးစံစိုးကို သူနေထိုင်တဲ့အိမ်မှာ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးသွားပြီးနောက်ပိုင်း အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ကာ ၂ ပတ် ၁ ကြိမ် ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအခြေစိုက်သတင်းသမားတဦးက “သတင်းထောက်တယောက်  ခုလို မဆိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့် သလို ဒါဟာ လုပ်ချင်တိုင်း လုပ်လို့ရနေတယ်၊ တရားရေးကို အာဏာသိမ်းစစ်တပ်က ချုပ်ကိုင်ထားတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်” လို့  ပြောပါတယ်။

သတင်းထောက်ဟောင်း ကိုမျိုးစံစိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းတွေ မရေးတော့ဘဲ ကိုဗစ် ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာဝန်ထမ်းအဖြစ် ကူညီပေးနေချိန် ခုလို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013