DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်
DVB
·
October 12, 2021
မြစ်ကြီးနားမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ညမထွက်ဖို့နဲ့  လူ ၅ ယောက်ထက် ပိုပြီး မစုဝေးကြဖို့  အာဏာသိမ်းစစ်ကောင်စီလက်ခံ မြို့နယ်ထွေအုပ်ရုံးက အောက်တိုဘာ ၁၁ ရက်နေ့မှာ အမိန့် ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမြို့အတွင်း အများပြည်သူရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာတာ တွေ့ရှိရကြောင်း ဒါဟာ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နိုင်တဲ့အတွက် ခုလို အမိန့်ထုတ်တာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာ လူစုဝေးတာ၊ ဟောပြောတာ၊ ယာဉ်တမျိုးမျိုးကိုအသုံးပြုလို့ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ  မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် လမ်းတွေနဲ့  အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက  နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီးနောက်   မြစ်ကြီးနားမြို့မှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေနဲ့  ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013