DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရ
DVB
·
October 2, 2021
သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာ မော်လမြိုင်-ရေး အဝေးပြေးလမ်းမဘေးရှိ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးလိုင်း တာဝါတိုင်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။

ညနေ ၆ နာရီ ၂၀ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီ ၃၅ မိနစ်မှာ မိုင်းဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ တာဝါတိုင်နဲ့ ကိုက် ၅၀ အကွာမှာ စစ်ကောင်စီ တပ်ရင်းတွေ ရှိနေပေမဲ့ အန္တရာယ်ကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းတွင်လည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က စစ်ကောင်စီပိုင် Mytel တာဝါတိုင်တွေကို ၄ ကြိမ် ဖျက်ဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာတော့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF နဲ့ ပူးပေါင်းပြီး နောက်တစ်ကြိမ် ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ Mytel တာဝါတိုင် ၂ဝဝဝ ကျော်ထဲက တိုင်ပေါင်း  ၈၀ ကျော်လောက် ဒေသဆိုင်ရာ PDF တွေက ဖျက်ဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013