DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ကေအန်ပီပီ နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
DVB
·
July 12, 2021
လွိုင်ကော်တွင် ကေအန်ပီပီ နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
1 / 3
Donate to DVB

  ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ တီးလုံကျေးရွာအနီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့  အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဘက် ဒေါတဟေးရွာ နဲ့ တီးလုံရွာအကြား ဇွန်လှိုင် ၁၂ ရက်နေ့မနက် ၈ နာရီလောက်မှာ ကေအန်ပီပီ ကရင်နီတပ်မတော်အမှတ် ၃ တပ်ရင်းနဲ့ စစ်ကောင်စီတပ် ခလရ ၅၃၀ တပ်တို့ ကြား နာရီဝက်ကျော် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ အေကန်ပီပီ သတင်းနှင့်ပြန်ကြားရေးဌာန KnIC က သတင်းထုတ်ပြန်ထားပါတယ်။

  စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆိုတ်ခွာသွားခြင်းမရှိခဲ့တဲ့အတွက် ညနေပိုင်းမှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်လင်လေးမြို့နယ် တီးလုံ၊ မိုက်တိမ်း နဲ့ ဒေါ်တဟေ ကျေးရွာတွေအကြား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် တိုက်ပွဲ ပြင်းထန်မှာကို စိုးရိမ်ပြီး အနီးအနားဝန်းကျင်က ရွာလုံးကျွတ် ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013