Home
မြန်မာသတင်း
မော်လမြိုင်က တက္ကသိုလ်ကျောင်းသား ၈ ဦးကို ရုံးထုတ် စစ်ဆေး
DVB
·
June 11, 2021
192670437_1629145957416333_3370917261496447912_n
191703843_1629145984082997_5773752608299605610_n
191507744_1629146037416325_8580611038240914592_n
197565144_1629145914083004_7986970221943889959_n
193563803_1629145934083002_1295520651612325331_n

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ   ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈ ယောက်ကို  ဇွန်လ ၁၁ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံ ကျောင်းသားတွေကို ကျိုက်မရောမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာဖြစ်ပြီး  သူတို့ အားလုံးကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာပါ။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က  မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ရဲနဲ့စစ်တပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ မော်လမြိုင်တက္ကသိုလ်က ‌၂ ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) က ၅ ဦး၊ မော်လမြိုင် တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးပါဝင် ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024