DVB Logo
Home
မြန်မာသတင်း
နိုင်ကျဉ်းဟောင်း ကိုမဲကြီး အပါအဝင် စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၂၇ ဦးထိ ရှိလာ
DVB
·
May 26, 2021
နိုင်ကျဉ်းဟောင်း ကိုမဲကြီး အပါအဝင် စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၂၇ ဦးထိ ရှိလာ
Donate to DVB

မတရားစစ်အာဏာသိမ်းကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၂၇ ယောက် ကျဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၅ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၄၂၁ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၃၁၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၀၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၈၆၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

မေ ၂၄ ရက် နေ့လယ်ပိုင်းက စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၊ “စိတ်ထားမဏ္ဍိုင်” ဆိုင်ကယ်ပြင်ဆိုင်က အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို လာယူဖို့ ဒီကနေ့ မနက်ပိုင်းက မိသားစုထံ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားရဲ့ ရုပ်အလောင်းမှာ ကျောပြင်အနှံ့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိနေပြီး လက်တွေမှာလည်း ဓားနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေလည်း ရှိနေတယ်လို့ အေအေပီပီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ဇောင်းတူမှာ မေလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အဖွဲ့ဝင်ဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ကိုမဲကြီး(ခ)ကိုစိုးမိုးလှိုင်ဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် မေ ၂၄ ရက် ညနေပိုင်းမှာ ကျ ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မေ ၂၄ ရက် တနေ့တည်းမှာတင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကေဂျာနော်၊ မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Mr. Danny Fenster နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသိန်းလှိုင် ထွန်းတို့ အသီးသီး ဖမ်းဆီးခံထားရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013