DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် ညမထွက်ရအချိန် ပြောင်း
DVB
·
May 13, 2021
မော်လမြိုင်တွင်  ညမထွက်ရအချိန် ပြောင်း
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မေ ၁၂ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက   ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်ကစလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ညမထွက်ရအချိန်ကို ည  ၈ နာရီမှ မနက် ၄ နာရီ လို့ သတ်မှတ်ခဲ့တာပါ။

 ညမထွက်ရအမိန့် ပြောင်းလဲ သတ်မှတ်လိုက်ပေမဲ့ အကြမ်းဖက် စစ်ကောင်စီကို ကျေးဇူးတင်စရာမရှိကြောင်းနဲ့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ ဆက်လက် တော်လှန်သွားမယ်လို့ မော်လမြိုင်ပြည်သူ တစ်ဦးကကို ပြောပါတယ်။

လက်ရှိမှာတော့  အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ မော်လမြိုင်မြို့နယ်အတွင်းက ဆန္ဒပြပြည်သူတွေအပြင် အပြစ်မဲ့ပြည်သူတွေကို နေ့ရောညပါ ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ်မှာတော့ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် ပြည်သူ ၈ ဦး ပစ်သတ်ခံထားရပြီး ပြည်သူ ၃၀၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013