DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက် မြို့နယ် ၂ ခုတွင် သိန်း ၁၀၀၀ ချီရှိ စိတ်ကြွဆေးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ
DVB
·
October 31, 2020
ရှမ်းမြောက် မြို့နယ် ၂ ခုတွင် သိန်း ၁၀၀၀ ချီရှိ စိတ်ကြွဆေးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့နောင်ချိုမြို့နယ်တွေမှာ ကျပ်သိန်း ၁၀၀၀ ချီရှိ စိတ်ကြွ ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲထံက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်မှာ နောင်ချိုမြို့နယ်အတွင်း  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း၁၀၀၀) ဖမ်းဆီးရမိခဲ့သလို မူဆယ်မြို့နယ်မှာလည်း ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ထဲကလည်း ငွေကျပ် ၁၀၀၆ ဒသမ ၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။

အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းက မူးယစ်ရဲတပ်ဖွဲ့ဝင်များပါတဲ့ ပူးပေါင်းအဖွဲဟာ နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွားကားလမ်းပေါ်မှာ သီပေါမှ မန္တလေးကို မောင်းနှင်လာတဲ့ MITSUBISHI OUT-LANDER အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်အတွင်းရှိ ဆာလာအိတ်များထဲ ပလတ်စတစ်ကပ်ခွာ အိတ်တွေနဲ့ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား၊ မြန်မာငွေကျပ် ၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

အလားတူ အဲဒီနေ့ မနက် ၁၁ နာရီက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ သွင်းကုန်ဝင်းအတွင်း HYUNDAI အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့ Sodium Cyanide ၁၀၂၅၀ ကီလို (တန်ဖိုးကျပ် ၆၁၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုမှာ ယာဉ်ပေါ်ပါသူတွေဖြစ်တဲ့ မန္တလေးတိုင်း   ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်နေ ယာဉ်မောင်း သက်နိုင်မိုး(ခ)ဖိုးခွား (၂၃ နှစ်)နဲ့ ယာဉ်နောက်လိုက် မျိုးထွန်းဦး (၂၇ နှစ်) တို့ကို စစ်ဆေးရာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ မြေနီကွင်းကားဝင်းအတွင်းရှိ ဂိုထောင်မှာ ထိန်းချုပ်ဓာတု ပစ္စည်းများကျန်ရှိနေသေးကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီနေရာကို  ပူးပါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်တွေအတွင်း Sodium Cyanide ၆၃၅၀ ကီလို (တန်ဖိုးကျပ် ၃၈၁ သိန်း)နဲ့ Potassium Phosphate ၁၆၀ ကီလို (တန်ဖိုးကျပ် ၁၀ ဒသမ ၄ သိန်း) တို့ကို  ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူကာ ကွင်းဆက်များဖော်ထုတ် စစ်ဆေးနေပါတယ်။

နောင်ချိုမြို့မရဲစခန်းကလည်း စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိတဲ့ မိုင်းရယ်မြို့ ဖာဟင်ကျေးရွာနေ စိုင်းဘထွန်း(ခ)စိုင်းဘ (၂၇ နှစ်) နဲ့ ကုန်းညုကျေးရွာနေ စိုင်းလိန် (၂၁ နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ကာ ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013