
ဘရာဇီးအသင်းနည်းပြ ကားလော့စ် အန်ဆလော့တီဟာ လာမဲ့ ကမ္ဘာ့ဖလားအတွက် ၂၆ ယောက် လူစာရင်းကို ထုတ်ပြန်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး နေမာကို အံ့အားသင့်ဖွယ် ပြန်လည် ရွေးချယ်ခဲ့ပါတယ်။
အန်ဆလော့တီက နေမာကို အသင်းရဲ့ ဗဟိုတိုက်စစ်နေရာမှာ အသုံးပြုဖို့ စီစဉ်ထားတာပါ။
နေမာ ပြန်ပါလာခဲ့ပေမဲ့ ပရီးမီးယားလိဂ်အခြေစိုက် စူပါစတား ၂ ယောက် ဖြစ်တဲ့ ချယ်လ်ဆီးက ဂျာအိုပတ်ဒရိုနဲ့ တော်တင်ဟမ်က ရစ်ချာလီဆန်တိုကတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်း နိုင်ငံအသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံရတဲ့ နေမာဟာ ဒါဟာ သူ့ရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။
Photo:Reuters











