DVB Logo
Home
အားကစား
လူမှားပြီး လူစားလဲခံရသဖြင့် နေမာ ဒေါသပေါက်ကွဲ
DVB
·
May 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဆန်းတို့စ်အသင်းရဲ့ ပွဲစဉ်မှာ ဒိုင်လူကြီးတွေရဲ့ အမှားကြောင့် ကွင်းပြင်မှာ ဆေးကုသမှုခံယူနေတဲ့ နေမာကို နံပါတ် ၁၀ မြှောက်ပြီး မှားယွင်း လူစားလဲခဲ့ပါတယ်။

နေမာက ကွင်းထဲပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ အဝါကတ်ပြသခံခဲ့ရတာကြောင့် လူစားလဲစာရွက်ကို ကင်မရာဆီ ထိုးပြကာ ဒေါသတကြီး ဆန္ဒပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် နေမာဟာ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား ၂၆ ယောက်လူစာရင်းမှာ ပါဝင်မလားဆိုတာကို ဒီနေ့မှာ သိရှိရတော့မှာပါ။

နည်းပြ ကားလော့စ် အန်ဆလော့တီက နေမာကို ရွေးချယ်ဖို့ ဆုံးဖြတ်ရခက်ခဲနေပြီး ဘရာဇီးသမ္မတ လူလာကလည်း “သူ တကယ် ကစားချင်စိတ်ရှိဖို့ပဲ လိုတယ်” လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် နေမာဟာ ပြီးခဲ့တဲ့အပတ်က အသင်းဖော် လူငယ်ကစားသမား ရော်ဘင်ဟို ဂျူနီယာကို လေ့ကျင့်ရေးကွင်းမှာ ရိုက်နှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013