DVB Logo
Home
ဘောလုံး
လေ့ကျင့်ရေးကွင်း၌ ရော်ဘင်ဟို၏သားကို နေမာ ကိုယ်ထိလက်ရောက် ကျူးလွန် 
DVB
·
May 5, 2026
Photo: REUTERS/Guliver
Photo: REUTERS/Guliver
Donate to DVB

ဆန်းတို့စ်အသင်း လေ့ကျင့်ရေးကွင်းမှာ နေမာဟာ အသက် ၁၈ နှစ်အရွယ် အသင်းဖော် ရော်ဘင်ဟိုဂျူနီယာကို ရိုက်နှက်ပြီး ခြေထိုးလှဲခဲ့တယ်လို သတင်းထွက်လာပါတယ်။

နေမာဟာ လူငယ်ကစားသမားက သူ့ကို လိမ်ခေါက်ကျော်ဖြတ်တာကို မကျေနပ်ရာကနေ အချင်းချင်း တွန်းထိုးရာမှ အခုလို ပြဿနာဖြစ်ခဲ့တာပါ။

ရော်ဘင်ဟိုဂျူနီယာဟာ ရော်ဘင်ဟိုရဲ့ သားဖြစ်ပြီး အခုဖြစ်ရပ်ကြောင့် ၂ ယောက်စလုံး လေ့ကျင့်ရေးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ နေမာက သူ့အမှားကို ဝန်ခံတောင်းပန်ခဲ့လို ပြဿနာပြေလည်သွားခဲ့ပါတယ်။ နေမာဟာ လာမဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖိုအတွက် ရုန်းကန်နေရချိန်မှာ အခုလို အသင်းတွင်းပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဆန်းတို့စ်အသင်းကတော့ အဆိုပါကိစ္စကို အမြန်ဖြေရှင်းနိုင်ခဲ့ပြီး နေမာနဲ့ ရော်ဘင်ဟိုဂျူနီယာတိုဟာ အရင်ကတည်းက ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013