
ဘီဘီစီရဲ့ ဘောလုံးသုံးသပ်သူ တရွိုင်ဒီနီက ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီးမှာ တပတ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ပေးခဲ့ပါတယ်။
ဒီအသင်းမှာ ချဲလ်ဆီးကွင်းလယ်လူ ဟန်ဒါဆန်နဲ့ မန်စီးတီးတောင်ပံကစားသမား ဒိုကူတို့ အဓိက ပါဝင်လာတာ ဖြစ်ပါတယ်။
အသက်ကြီးရင့်သူ ဟန်ဒါဆန်ဟာ ချဲလ်ဆီးအတွက် ဖရီးကစ်ဂိုး အပါအဝင် ၂ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးတောင်ပံကစားသမား ဒိုကူကတော့ အန်းဖီးလ်မှာ လီဗာပူးကစားသမား ဂရာဗင်ဘတ်ချ်ကို ထုတ်ပယ်ခံရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တဂိုးသွင်း တဂိုးဖန်တီးမှု ပြုလုပ်ပြီး ပွဲအဖြေကို ပြောင်းလဲပေးခဲ့တာပါ။
မန်စီးတီးနည်းပြ မာရက်စကာကလည်း နည်းဗျူဟာအပြောင်းအလဲတွေ ပြုလုပ်ပြီး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် တပတ်တာ အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Photo:Reuters











